Part (23)

4.2K 551 14
                                    

Unicode

ရှောင်းကျန့် မနက်အစောကြီးထသွားတာကို ရိပေါ်သိလိုက်သော်လည်း မသိချင်ယောင်ဆောင်ကာ ဆက်အိပ်နေလိုက်သည်။ ရှောင်းကျန့်မှာလည်း အပြင်ထွက်ခါနီး ရိပေါ်ကို တစ်ချက်ကြည့်လိုက်သေးသည်။ အိပ်ပျော်နေပုံရသည့် ရိပေါ်ကြောင့် တံခါးကို အသာလေးပိတ်ခဲ့လိုက်သည်။

"ဆရာ"

"ရှောင်းကျန့် မင်းမနက်စာရော စားလာရဲ့လား"

"မစားရသေးဘူးဆရာ"

"ငါအဲ့လိုမှန်းသိတယ် ရော့...ပေါက်စီစားလိုက်"

"ကျေးဇူးတင်ပါဆရာ"

ရှောင်းကျန့် စားသောက်ပြီးတော့ ဆရာက စပြီး သင်ပေးသည်။ ရှောင်းကျန့်လဲ သေချာမှတ်ထားပြီး တသွေမတိမ်းလေ့ကျင့်နေသည်။
________________________
"အစ်ကိုဝမ်....တောင်အောက်မှာ ဆရာချန်ဖေးနဲ့ အစ်ကိုရှောင်း လေ့ကျင့်နေကြတာတွေ့တယ်"

"အဲ့တာငါဘာလုပ်ရမှာလဲ"

"ဟို....ကျွန်တော်က ဒီတိုင်း ပြောပြတာပါ"

"အစ်ကိုရှောင်းက အစ်ကိုဝမ်ကို မသင်ခိုင်းပဲ ဆရာချန်ဖေးကို သင်ခိုင်းတာလား"

"သူ့ဘာသာ ဘယ်သူနဲ့ သင်သင်ငါနဲ့မဆိုင်ဘူး"

ဒီနေ့ ရာသီဥတုအခြေအနေသိပ်မကောင်း။ အလိုက်မသိလိုက်မေးနေသည့် ဟွိုင်စန်းကို ယွီပင်းနဲ့ မုန့်ယောင်က မျက်စပစ်ပြီး သတိပေးနေကြသည်။ ရိပေါ်မျက်ဝန်းတွေက လူသတ်ချင်နေသည့် အရိပ်အယောင်တွေနှင့်။
________________________
ညနေ ချိန်းထားတဲ့ အတိုင်းပွဲစချိန်ရောက်တော့ ကျောင်းသားတော်တော်များများ ရောက်နေပြီး တချို့ကလဲ ရှောင်းကျန့်ဘက်က ဝမ်ချောင်ဘက်က လောင်းကြေးထပ်နေကြသည်။

"ပြိုင်ပွဲဝင်နှစ်ယောက်အဆင်သင့်ဖြစ်ပြီလား"

"အဆင်သင့်ပဲ"

ကြိုးဝိုင်းထဲ ရှောင်းကျန့်နှင့် ဝမ်ချောင် ဝင်လာကြသည်။ ရှောင်းကျန့်က ဝတ်စုံပြည့်ဝတ်ထားပေမဲ့ ဝမ်ချောင်က အပေါ်ပိုင်းဗလာ။

"သုံး....နှစ်.....တစ်....စတော့"

ပွဲစတာနှင့် ဝမ်ချောင်က ရှောင်းကျန့်ကို ဝင်လုံးသည်။ ကိုင်ပေါက်ဖို့ ရှောင်းကျန့်ခါးကို ချုပ်ထားပေမဲ့ ရှောင်းကျန့်က လည်ပင်း​ကြောတွေပါ ထောင်လာသည်အထိ အံကြိတ်ခံထားသည်။ ဝမ်ချောင်က အားပိုသုံးလိုက်တော့ သူ့လောက် မသန်မာသည့်ရှောင်းကျန့်က ဝုန်းကနဲ ကိုင်ပေါက်ခံလိုက်ရသည်။

Innocent Felon (Completed)Where stories live. Discover now