Part (46)

4K 498 15
                                    

Unicode

ရိပေါ်နှင့် ကျန်းချန် မှောင်ခိုလူအရောင်းအဝယ်နေရာသို့ရောက်နေကြသည်။ထိုနေရာမှာ အပြင်ပိုင်းက ဟန်ပြအနေနှင့် စားသောက်ဆိုင်ဖွင့်ထားပြီး ဆိုင်အတွင်းမြေအောက်ခန်းတွင် မှောင်ခိုပွဲစားများကျက်စားကြသည်။

"ဟိုထောင့်မှာ ထိုင်နေတဲ့လူကို သွားမေးကြည့်မယ်"

ထောင့်တစ်နေရာမှ စာရင်းစာအုပ်ကိုင်ထားပြီး ပေသီးကို တဒေါက်ဒေါက်ခေါက်တွက်နေသည့် လူတစ်ဦးအနီးသို့ သွားလိုက်ကာ

"ကျုပ်တို့ အရောင်းအဝယ်လုပ်ချင်တယ်"

ထိုလူက မျက်လုံးလှန်ကြည့်လာကာ

"ဘာလိုချင်လဲ"

"လူ...."

အံ့သြသွားဟန်နှင့် ထိုလူက ပေသီးတွက်စက်ကိုချထားလိုက်ပြီး

"ဘယ်လိုမျိုး"

"လက်မရွံ့ကြေးစားတွေ လိုချင်တာ များလေကောင်းလေ"

"လိုက်ခဲ့"

ထိုလူက မြေအောက်လျှို့ဝှက်ခန်းအတွင်းသို့ခေါ်သွားသည်။ သုံးထပ်အဆောက်အအုံက အောက်ဆုံးထပ်မှာ ဟန်ပြစားသောက်ဆိုင်၊ အပေါ်နှစ်ထပ်က တည်းခိုခန်းနှင့် ဇိမ်ခန်းဖွင့်ထားသည်။ မြေအောက်ခန်းကတော့ အရောင်းအဝယ်အတွက်ရော၊ စာရင်းစာအုပ်တွေပါ သိမ်းသည့်နေရာဖြစ်မည်။

"ဒီမှာထိုင်"

ရိပေါ်နှင့် ကျန်းချန် ခပ်မှိန်မှိန်မီးထွန်းထားသည့် အခန်းတစ်ခန်းတွင် ထိုင်လိုက်ကြသည်။

"ဘယ်နှယောက်လိုချင်လဲ"

"သုံးရာ"

"တစ်ရာပဲရမယ်"

"ဘာလို့လဲ....သုံးရာမရရင် မယူဘူး"

"ခဏနေဦး"

ထိုလူက ထသွားပြီး ဘေးဘက်အခန်းထဲ ဝင်သွားသည်။ ရိပေါ်က ကျန်းချန်ကို ကြည့်လိုက်တော့ ကျန်းချန်က ခေါင်းငြိမ့်ပြသည်။ ခဏကြာတော့ ထိုလူက စာရင်းစားအုပ်တစ်အုပ်နှင့် ပြန်ထွက်လာပြီး

"အများဆုံး တစ်ရာ့ငါးဆယ်ပဲ...အဲ့ထက်ပိုမရဘူး"

"သူများ ဦးသွားတာလား....သူ့ထက်နှစ်ဆပေးမယ်....နှစ်ရာ့ငါးဆယ်ပေး"

Innocent Felon (Completed)Where stories live. Discover now