Part (20)

5.1K 565 15
                                    

Unicode

ဒီနေ့က ဝမ်ကျောင်းတော်ကြီး ပြန်ဖွင့်သည့်နေမို့ ခြောက်ကပ်နေသည့်ကျောင်းတော်ကြီးက ကျောင်းသားများကြောင့် စိုစိုပြေပြေပြန်ဖြစ်လာသည်။

"ရိပေါ်"

"ယွီပင်း....မင်းတစ်ယောက်ထဲလား ကျန်တဲ့လူတွေကော"

"မရောက်ကြသေးဘူးကွ"

"အစ်ကိုဝမ် အစ်ကိုယွီပင်း"

"ဟွိုင်စန်း"

"မဝင်ကြသေးဘူးလား အစ်ကိုတို့"

"အေး ရှောင်းကျန့်မလာသေးလို့"

"ဪ အဟွင်းဟွင်း"

ထိုစဥ် ကျောင်းအပေါက်ဝသို့ မြင်းလှည်းတစ်စီးရပ်လာသည်။ အစောင့်အရှောက်တွေနှင့် ရောက်လာသည့် ထိုမြင်းလှည်းပိုင်ရှင်ကို ကျောင်းသားတွေက သိချင်စိတ်နှင့်ငေးကြည့်နေလိုက်သည်။ မြင်းလှည်းဘေးမှပါလာသည့် မြင်းပေါ်မှ ဆင်းလာသူက ကျန်းချန်။

"ဟင်....ကျန်းချန်...."

ကျန်းချန်ကို မြင်သည်နှင့် မြင်းလှည်းအတွင်းက ဘယ်သူဆိုတာ ရိပေါ်သိလိုက်သည်။ ကျန်းချန်က မြင်းလှည်းတံခါးကို ဖွင့်ပေးလိုက်သည်နှင့် လူထွက်မလာသေးဘဲ လက်လေးတစ်ဖက်အရင်ထွက်လာသည်။

"ဘယ်အိမ်က သခင်မလေးပါလိမ့်"

"ငါတို့ကျောင်းကို မိန်းကလေးမှ မလာတာ"

"ကျန်းချန်နဲ့ ဘယ်လို ပတ်သတ်လဲမသိဘူး"

ကျောင်းသားတွေတစ်ယောက်တစ်ပေါက်ပြောနေတုန်း ရှောင်းကျန့်က မြင်းလှည်းအပြင်ထွက်လာတော့

"ရှောင်းကျန့်ပဲ"

"ငါတို့က မိန်းကလေးထင်နေတာ"

"သူက တော်တော်ချောတာပဲကွ"

"အစ်ကိုဝမ် ကျွန်တော်တို့ရဲ့ အစ်ကိုရှောင်းက တကယ့်ကို ပြိုင်ဘက်ကင်းအောင် လှလွန်းပါလား။ မိန်းမလှလေးတွေတောင် အရှုံးပေးရလောက်တယ်"

"ဒါပေါ့....ဟွိုင်စန်းရဲ့....ငါ့ချစ်သူက နတ်သက်ကြွေလာတဲ့ နတ်သားလေးလေ"

ရှောင်းကျန့်က ရိပေါ်ကို တွေ့တာနှင့် အနားကို အပြေးလေးရောက်လာသည်။

Innocent Felon (Completed)Where stories live. Discover now