Part (28)

4K 480 0
                                    

Unicode

"ရှောင်းကျန့်......ရှောင်းကျန့်"

"ကျန်းချန်....ငါ...လန်ကျန့်နဲ့တွေ့ချင်တယ်။ ဘယ်အချိန်ငါ့ကိုလာသတ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်မနေနိုင်ဘူး။ ခုပဲ သူနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး သူ့နေရာကို ပြန်ပေးမယ်။ ဒါမှမဟုတ် ငါ့ကို သတ်ချင်တာဆိုရင်လဲ သေပေးမယ်။ ကျန်းချန်.....မင်းသူ့ကိုရှာပေးပါ"

"ရှောင်းကျန့်....ငါတို့သူ့ကို ရှာလို့မရဘူး။ သူကတကယ်ရှိတာဟုတ်ချင်မှ ဟုတ်မှာ။ ခုနန်းတော်ထဲမှာ လည်းသူ့ကို ရှာဖို့လုပ်နေကြတယ်။ စျေးတွေထဲမှာလဲ သူ့ကို ဆုငွေထုတ်ပြီး ရှာခိုင်းထားပြီ။ ဒါပေမဲ့ ဘာမှမကြားရသေးတာ တကယ်မဟုတ်လို့နေမှာပါ။ အကယ်၍ တကယ်ပဲ လန်ဝမ့်ကျီးဖြစ်နေခဲ့ရင်တောင် သူမင်းကို လွှတ်ပေးမှာပါ။ မင်းတို့က သူငယ်ချင်းကောင်းတွေဖြစ်ခဲ့တာမလား"

"သူငါ့ကို နာကျည်းသွားရင်ကော...ဟင်...ငါကသူ့နေရာကို လုယူထားတဲ့သူလေ"

"အိမ်ရှေ့စံရာထူးကို မင်းဆန္ဒနဲ့ ယူခဲ့တာမှမဟုတ်တာ။ ပြည်သူတွေကလည်း မင်းကို မမုန်းပါဘူး....အဲ့တာကြောင့် တခြားအတွေးတွေမတွေးနဲ့နော်။ ကြောက်လဲ မကြောက်နဲ့ အခုဆိုမင်းတစ်ယောက်ထဲ မဟုတ်တော့ဘူး။ ငါရှိတယ်၊ ရိပေါ်ရှိတယ်၊ ယွီပင်း၊ ဟွိုင်စန်း၊ မုန့်ယောင်၊ အစ်ကိုရွှယ်ယမ်၊ အစ်ကို ရှောင်ရှင်းချန် အကုန်ရှိတယ်လေ....။ ငါတို့က မင်းကို ကာကွယ်ပေးမှာပေါ့။"

ကျန်းချန် ရှောင်းကျန့်ကို အမျိုးမျိုး ချော့ပြောပြီး အခန်းပြန်ပို့လိုက်ရသည်။ အမှန်က ရှောင်းကျန့်မပြောနဲ့ သူ​တောင် စိုးရိမ်နေမိတာ။ ဒီတိုင်းဆို နန်းတော်ထဲမှာ နောက်ထပ်သွေးချောင်းစီးဦးမဲ့ ပုံပါလား။
__________________________
"ရှောင်းကျန့်.....မင်းအဆင်ပြေရဲ့လားဟင်"

"ရိပေါ်"

ရှောင်းကျန့်က ရိပေါ်ရင်ခွင်ထဲကို ဝင်လိုက်ကာ ရိပေါ် ရင်ဘတ်နဲ့ သူ့ပါးပြင်ကပ်ထားလိုက်သည်။

"ငါ့ကို ကာကွယ်ပေးမှာလား"

"ဘာလို့မေးတာလဲ"

"ငါမေးတာပဲဖြေပါ"

"အင်း...ငါမင်းကို ကာကွယ်ပေးမှာပေါ့"

Innocent Felon (Completed)Where stories live. Discover now