Part (73)

4.8K 467 13
                                    

Unicode

"အရှင် မြို့သားတွေက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေပါ။ အခွန်တော်ကို လျှော့ပေါ့ပေးသင့်ပါတယ်"

"မင်းကအဲ့လိုပြောတော့ ကိုယ်တော်လျှော့ပေါ့ပေးချင်ပါတယ်။ ဒါပေမဲ့ ကိုယ်တော်​တောင်းဆိုတာတော့ မင်းလိုက်လျောရမယ်"

"ကျွန်တော့်ကို ပြန်လာဖို့ကလွဲပြီး ကျန်တာအကုန်လိုက်လျောပေးပါ့မယ်အရှင်"

"ဝေ့ရင်းအဲ့လိုမလုပ်ပါနဲ့ မင်းကိုယ့်အနားကို ပြန်လာခဲ့ပါ။ အရင်က ကိုယ်မင်းကို အထင်လွဲခဲ့တယ်။ အခုကိုယ့်အမှားကို သိပြီမို့ ပြင်ဆင်ခွင့်ပေးပါဝေ့ရင်း.....။"

"အတိတ်က အကြောင်းတွေကို အတိတ်မှာပဲ ထားလိုက်ပါတော့ အရှင်။ ကျွန်တော် ခွင့်လွှတ်ပေးတာမို့...."

"ဝေ့ရင်း မင်းပြန်မလာရင် အခွန်ကိစ္စကို လျှော့ပေးနိုင်ဘူး။.....မင်းကြောင့်နဲ့ သူတို့အကုန်လုံးကို ဒုက္ခရောက်စေချင်တာလား....ဝေ့ရင်း မင်းသေချာစဥ်းစားပါ"

"အရှင်က မဆိုင်တဲ့သူတွေကို ဆွဲထည့်နေတာပဲ ဒါဘုရင်ကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး"

"အဲ့တာတွေ ကိုယ်မသိဘူး မင်းပြန်လာဖို့ပဲ ကိုယ်လိုချင်တယ်"

"အရှင်.....အရှင့်မှာ မိဖုရားလဲရှိနေပါပြီ။ ကျွန်တော်က နန်းတော်ကို ဘယ်လိုမျက်နှာနဲ့ ပြန်လာရမှာလဲ။ ကျွန်တော့်ကို လူတွေရဲ့ တံတွေးခွက်ထဲမျောစေချင်တာလား အရှင်"

"ဝေ့ရင်း ကိုယ်ပြောတာ ဒီသဘောမဟုတ်ဘူး"

"ထားလိုက်ပါတော့ အရှင် ကျွန်တော့်ရဲ့ မြို့သားတွေကြောင့်သာ အရှင့်ဆန္ဒကို လက်ခံလိုက်ပါ့မယ်။"

ဝေ့ရင်းက ပြောပြီးတာနှင့် ပြန်လှည့်ထွက်သွားတုန်း

"ဝေ့ရင်း.....အသက်ရှင်နေပေးလို့ ကျေးဇူးတင်ပါတယ်။"

တိတ်တခိုးကျသွားသည့် မျက်ရည်တစ်စက်ကိုတော့ ဝေ့ရင်း မသိမ်းဆည်းလိုက်နိုင်ပါ။

"ကိုယ်တော် မင်းကိုလာခေါ်ဖို့ လူတွေလွှတ်လိုက်မယ်"

ဝေ့ရင်း ကျောပေးရင်းနဲ့ပဲ ခေါင်းညိတ်ပြလိုက်သည်။
________________________
"ရှောင်းကျန့် နင်နန်းတော်ထဲသွားတော့မှာလား"

Innocent Felon (Completed)Where stories live. Discover now