Part (47)

4K 534 11
                                    

Unicode

"ရိပေါ် ငါပြီးပြီသွားရအောင်"

ရှောင်းကျန့်က အဝတ်အစားလဲပြီးတော့ ပြန်ထွက်လာကာ ရိပေါ်ကို ​ပြောလိုက်သည်။ ရိပေါ်က ရှောင်းကျန့်ကို စိုက်ကြည့်နေရင်း

"မင်း နှုတ်ခမ်းနီတွေမပြောင်သေးဘူး"

"ဟမ်...ဟုတ်လား......"

ရှောင်းကျန့်က သူ့လက်နှင့် ပွတ်ပြီးသုတ်လိုက်ပေမဲ့ နှုတ်ခမ်းနီတွေက ပိုပြန့်သွားသည်။

"မပြောင်သေးဘူး ပိုဆိုးသွားပြီ"

"အခုရော....ပြောင်ပြီလား........ကြည့်ပေးဦး"

ရှောင်းကျန့် သူ့နှုတ်ခမ်းကို လက်မနှင့် ပွတ်ဆွဲသွားသည့်ပုံက ရိပေါ်ကို မြှူစွယ်နေသည့်နှယ်။ မရိုးမရွဖြစ်နေသည့် စိတ်ကို ထိန်းချုပ်ထားရလွန်းလို့ ရိပေါ်မျက်နှာကြီးပင်နီလာသည်။

"ကျန်နေသေးလား.....အင့်"

ရိပေါ်သူ့စိတ်ကို ဆက်ထိန်းချုပ်ဖို့မဖြစ်နိုင်တော့သည့်အဆုံး ဘေးဘီဝဲယာကို လူရှင်းမရှင်းကြည့်ကာ ရှောင်းကျန့်ကို အိမ်ထဲ ပြန်ဆွဲခေါ်သွားသည်။

"ဘာလုပ်မလို့.....အု....ဟွန်း"

ရိပေါ်ရဲ့ အနမ်းတွေက အရူးအမူး အကြမ်းအတမ်း....။နှုတ်ခမ်းသားနှစ်လွှာချင်း စုပ်ယူနေပုံက ပြတ်ထွက်သွားတော့မတတ်။ လျှာဖျားအချင်းချင်းက အပေးအယူတည့်စွာ ရစ်ပတ်နှောင်ဖွဲ့နေကြသည်။ အချိန်တော်တော်ကြာ ဝေးနေရသည့် နှုတ်ခမ်းတစ်စုံက အချိတ်အဆက်ကို မပြတ်။

"အွန်း......ဟွန်း"

ရှောင်းကျန့် ခေါင်းလေးစောင်းရင်း ရိပေါ်အနနမ်းတွေကို အလိုက်သိစွာတုံ့ပြန်နေလိုက်သည်။ ရိပေါ်ရဲ့ လက်တွေကလဲ ရှောင်းကျန့်ရဲ့ မျက်နှာလေးကို ပင့်ကိုင်ထားကာ အနားမပေးဘဲ ခပ်ကြမ်းကြမ်းနမ်းရှိုက်နေဆဲ။

"အွန်း....မော.......တယ်"

အသက်ရှူကြပ်လာလို့ လက်လေးတွေနှင့် တွန်းပြီးပြောလိုက်တော့ ရိပေါ်အနမ်းတွေက ရှောင်းကျန့်၏ လည်တိုင်ကျော့ကျော့သို့ သက်ဆင်းသွားသည်။

Innocent Felon (Completed)Where stories live. Discover now