Part (27)

4.3K 539 30
                                    

Unicode

ရိပေါ် ဒီနေ့ အတန်းမသွားဘဲ ဂိုဏ်းကိုထွက်လာခဲ့သည်။ ရှောင်းကျန့်ကို ပြောတော့ပြောခဲ့တာပဲ။ ဆောင့်ကြီးအောင့်ကြီးနဲ့ 'သွား...သွား ပြန်မလာနဲ့တော့' တဲ့လေ။ ဘာပဲဖြစ်ဖြစ်ဒါ သွားခွင့်ပြုလိုက်တဲ့သဘော။ ပြန်တော့ပြန်ရမှာပေါ့ သူ့ကိုမှမခွဲနိုင်ဘဲ။

"ကျွန်တော် ရောက်ပါပြီဆရာ"

"အေး...ရိပေါ် ခေါင်းဆောင်ရောက်နေတယ် အထဲဝင်သွားလိုက်"

"ဗျာ...."

"မကြောက်ပါနဲ့ မင်းကို ဘာမှမလုပ်ပါဘူး"

"ဟုတ်...ကြောက်လို့မဟုတ်ပါဘူးဆရာ....ကျွန်တော်က နန်းတော်ထဲက လူတွေနဲ့ မဆက်ဆံဖူးလို့"

"အဆင်ပြေပါတယ် ဝင်သွားလိုက်"

"ဟုတ်ကဲ့"

ရိပေါ် အခန်းထဲဝင်လိုက်တော့ ကန့်လန်ကာနှင့် ကာထားသည့်နောက်မှာ လူတစ်ယောက်ထိုင်နေသည်။ ရိပေါ် ဒူးထောက်ကာ အရိုအသေပေးတော့ ထိုလူက

"မင်းက ရိပေါ်လား"

"မှန်ပါတယ် သခင်"

"ဒီအရှေ့တိုးလာခဲ့ မင်းမျက်နှာ မြင်ချင်လို့"

"ဟုတ်ကဲ့"

ရိပေါ် ကန့်လန့်ကာနားတိုးသွားလိုက်တော့ ထိုလူက ရိပေါ်ကို သေချာစိုက်ကြည့်နေပုံရသည်။

"တကယ်ပဲ မင်းပါလား....."

အသံတုန်သွားသည့် ထိုလူက ရိပေါ်ကို သိနေသည့်ပုံ။ ရိပေါ် ပြန်တော့ မမေးရဲပါ။ဆရာက မှာထားတယ် တော်ဝင်မျိုးနွယ်တွေကို မေးခွန်းပြန်မမေးရဘူးတဲ့။

"ဒီနေ့ မင်းရဲ့ တာဝန်ကို သိပြီးပြီမလား"

"သိပြီးပါပြီ"

"အောင်မြင်နိုင်လား"

"ကျွန်တော်မျိုး အောင်မြင်အောင် ဆောင်ရွက်ပါ့မယ် သခင်"

"ကောင်းပြီ...ငါမင်းကို ပေးစရာရှိတယ်"

"ဗျာ"

"ရော့"

ဂိုဏ်းခေါင်းဆောင်က ကန့်လန့်ကာ အောက်ကနေ ပစ္စည်းတစ်ခုရိပေါ်ဆီတွန်းပေးလိုက်သည်။

Innocent Felon (Completed)Where stories live. Discover now