Part-2

16.8K 1.5K 86
                                    

Unicode Version

System၏ညွှန်ကြားချက်များအားလုံးကိုလုပ်ဆောင်ပြီးသည့်နောက်တွင်တော့ မှိုင်းဟာသူ၏ခန္ဓာအသစ်ဆီသို့ ရောက်လာခဲ့လေပြီ။ ယခုလက်ရှိတွင်သူဟာအိပ်ခန်းတစ်ခုထဲတွင် ရှိနေလေသည်။

အခန်း၏နံရံများနှင့်ကြမ်းခင်းများမှာသလင်းကျောက်များကိုသုံး၍ တည်ဆောက်ထားခြင်းဖြစ်ပေသည်။ အခန်းအတွင်းအပြင်အဆင်များဟာအဆင့်အတန်းမြင့်လွန်းပြီး တော်ဝင်ဆန်သည်။

မူလခန္ဓာကိုယ်ပိုင်ရှင်၏မှတ်ဥာဏ်များကိုလည်း မှိုင်းဟာလက်ခံရရှိပြီးဖြစ်သည်။ ဤကမ္ဘာရှိမှိုင်းဟာအဖြူရောင်ရဲတိုက်၏သခင်လေးတစ်ဦးဖြစ်ပြီး မိဘနှစ်ပါးစလုံးသက်ရှိထင်ရှားမရှိကြတော့ပေ။ လက်ရှိတွင် ဤရဲတိုက်ကြီးအား အုပ်စိုးသူမှာ အဒေါ်ဖြစ်သူ၏သား နွန်း ဖြစ်၏။

ခန္ဓာပိုင်ရှင်ဟာနွန်းအားလွန်စွာစွဲလမ်းနေပြီး သူ၏အချစ်ကို ရယူရန်လည်း အသည်းအသန်ကြိုးစားခဲ့သည်။ သို့သော်လည်း နွန်းကမူမှိုင်းအားစိတ်မဝင်စားဘဲ မိန်းမများကိုသာစိတ်ဝင်စားသူဟူသော ဂုဏ်ပုဒ်ကိုခံယူထားလေသည်။ မိန်းကလေးများကို အမြင်ကြည်လင်သလောက် မှိုင်းကိုမူခပ်တင်းတင်းသာဆက်ဆံတတ်သည်။ ရံဖန်ရံခါတွင် ရက်ရက်စက်စက်ပြောဆိုဆက်ဆံတတ်သည်။ မှိုင်းဟာ မိဘများ၏သေဆုံးခြင်းအတွက် ကျေနပ်လောက်ဖွယ်အကြောင်းပြချက်မရခဲ့သည့်အပြင် ထိုလူ၏လျစ်လျူရှုမှုများနှင့် အထီးကျန်မှုများကိုမခံစားနိုင်တော့သည့်အဆုံး အဆုံးစီရင်ခဲ့ခြင်းဖြစ်၏။

လက်ရှိမှိုင်းကမူ မှန်ရှေ့တွင်မတ်တပ်ရပ်ကာ သူရရှိထားသောခန္ဓာကိုယ်အသစ်ကိုစူးစမ်းကြည့်ရှုနေသည်။ ဖြူဖျော့လွန်းသောအသားအရည်၊ မိန်းမဆန်ဆန်အချိုးကျလွန်းနေသောမျက်နှာထား၊ ပိန်သွယ်သောခါးနှင့် မနိမ့်မမြင့်အရပ်အမောင်းတို့က ယခင်ကသူ၏ပုံစံနှင့်များစွာကွာခြားလွန်းနေသည်။

"သောက်ရမ်းချစ်စရာကောင်းလွန်းနေတယ် နည်းနည်းတော့ယောကျ်ားဆန်ဆန်တစ်နေရာလောက်ရှိပါဦးလား"

မှိုင်းလည်းမကျေမနပ်ရေရွတ်လိုက်ပြီးဝတ်ထားသောဝတ်စုံကိုပါ ဆက်လက်စူးစမ်းပြန်သည်။ သူတို့ကမ္ဘာရှိအနောက်တိုင်းဝတ်စုံနှင့်များစွာကွာခြားခြင်းမရှိသော်လည်း ဝတ်စုံအသားကမူ ဤတစ်ခုကပို၍သက်တောင့်သက်သာရှိလေသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now