Part-27

4.4K 598 6
                                    

Unicode Version

မှိုင်း၏အဆောင်တော်ထဲတွင် ခါတိုင်းနှင့်မတူဘဲ ဆူညံလျက်ရှိသည်။ ဖလွန်ဇာနှင့် ဒီဗဲလ်ရာသည် အနားတွင်တိတ်တဆိတ်ရပ်နေကာ သူတို့၏အရှင်သခင်နှစ်ဦး အငြင်းပွါးနေသည်ကို ရပ်ကြည့်နေရသည်။

အချိန်ကား ညဘက်အိပ်ချိန်သို့ရောက်​နေပြီဖြစ်သော်လည်း နွန်းမှာ ကိုယ့်အိပ်ဆောင်ကိုပင် မပြန်နိုင်ဘဲ မှိုင်းနှင့် သဘောထားကွဲလွဲနေလေသည်။

"မဖြစ်ဘူး။ မင်းကိုတစ်ယောက်တည်းမထားခဲ့နိုင်ဘူး။ အရင်တစ်ခေါက်က ဘာဖြစ်သွားလဲဆိုတာ ​မေ့နေပြီလား"

နွန်းသည် တာအီပြည်နယ်ဆီသို့ ခရီးထွက်ရတော့မည်ဖြစ်ရာ မှိုင်းကိုပါ ခေါ်ဆောင်သွားချင်သော စိတ်ဆန္ဒရှိသော်လည်း မှိုင်းကမူ ရဲတိုက်ထဲ၌ ကျန်ရစ်နေခဲ့မည်ဟု ဆိုလာသဖြင့် သဘောထားချင်းမတူညီသော သူတို့နှစ်ဦး အပြင်းအထန်ငြင်းခုံနေကြရသည်။

"အဲ့ဒီတုန်းက နည်းနည်းအငိုက်မိသွားလို့ပါ။ အခု မဖြစ်စေရဘူး။ ရဲတိုက်ကြီးထဲမှာ အရှင်မဟုတ်ရင် ကျွန်တော်ပဲဖြစ်ဖြစ်ရှိနေမှဖြစ်မှာလေ"

"ဒါပေမယ့် ကိုယ်မှစိတ်မချတာ.."

နွန်းသည် မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးထားပြီး မှိုင်း၏စကားအပေါ် အလိုမကျမှုအား သိသာစွာထုတ်ပြသည်။ မှိုင်းသည်လည်း သူနှင့်အတူတူပင်။ မလျှော့သောဇွဲနှင့် ဆက်လက်ငြင်းခုံနေလေ၏။

"ကျွန်တော့်ကိုစိတ်ချပါ။ အရှင်သွားပြီဆိုတာနဲ့ ကျွန်တော် လုံခြုံရေးအပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှာပါ။ ကျွန်တော့်ရဲ့ ကာကွယ်နိုင်စွမ်းကို သံသယဖြစ်နေတာလား"

မှိုင်းသည် ဖျောင့်ဖျ၍မရလျှင် ဤနည်းကိုထုတ်သုံးရန် ကြံစည်ထားသည်။ သူ့အနေနှင့် ဥယျာဥ်တော်ထဲရှိပန်းကို အရယူနိုင်ရန် လိုအပ်သည့်အပြင် တာအီမြို့စား၏ယောက်ဖတော်ဖြစ်သူ အကြံပေးအရာရှိကိုလည်း အကဲခတ်ကြည့်ရန် စိတ်ကူးထားသေးသည်။ ထို့ကြောင့် ယခုလို ကြုံတောင့်ကြုံခဲအခွင့်အရေးတွင် ထိုအရေးကိစ္စများကို အကောင်အထည်ဖော်ရန် ကြိုးစားနေခြင်းဖြစ်၏။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now