Part-11

8K 1K 31
                                    

Unicode Version

"ဒါကဘာလေးလဲ။ ချစ်တော့ချစ်ဖို့ကောင်းတယ်"

မှိုင်း၏လက်ထဲတွင်ရောင်စုံဖြာနေသောဗဟုဂံသဏ္ဍာန်သလင်းကျောက်တစ်ခုရှိနေပြီး ထိုသလင်းကျောက်မှဖြာထွက်လာသောအလင်းတန်းမှာ သူ၏မျက်လုံးကိုကျိန်းစေသဖြင့် ကျန်လက်တစ်ဖက်ဖြင့်မျက်လုံးကိုကာထားရသည်။

"လူကြီးမင်းရဲ့ခုနစ်မြောက်Testကိုအောင်မြင်တဲ့အတွက် Systemကပေးတဲ့ Itemပါ။ အသုံးဝင်ပုံကတော့ပုံရိပ်ယောင်ဖန်တီးပေးနိုင်တာပါ။ အစစ်နဲ့ချွတ်စွပ်နီးပါးတူတာမို့ ကိုယ်ပွါးတစ်ခုလိုသုံးဖို့အသင့်တော်ဆုံးပါပဲ။ သတိထားရမှာကတော့ အသုံးပြုလိုက်တဲ့အချိန်ကစပြီး နှစ်နာရီတိတိပဲအကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်"

မှိုင်းဟာ Systemကစမ်းသပ်သောTestခုနစ်ကိုအောင်မြင်ခဲ့ပြီဖြစ်သော်လည်း ဤသည်ဟာလုံးဝပြီးပြည့်စုံသောအောင်မြင်မှုတော့မဟုတ်။ Testခုနစ်ခုအောင်မြင်ရန်အတွက်ကြိုးစားခဲ့ရသော်လည်း ကြားထဲတွင်Testသုံးခုမျှကျရှုံးခဲ့သေးသည်မို့ ဤကဲ့သို့ခုနစ်ခုလုံးကို အောင်အောင်မြင်မြင်ဖြတ်ကျော်ရန်အတွက် စုစုပေါင်းTestဆယ်ခုကိုဖြေဆိုခဲ့ရသည်။

ထိုTestများကိုအောင်နိုင်ရေးတွင် နွန်းထံမှရသော Attractive Manner Pointများကလည်း တစ်ထောင့်တစ်နေရာမှ အရေးပါခဲ့သည်။ နွန်းထံမှရသင့်သလောက်အကူအညီတချို့ကို လက်ခံ၍ Testများကိုခက်ခက်ခဲခဲအောင်မြင်ခဲ့သည်ဆိုလျှင်လည်းမမှား။

ယခုဆိုလျှင် မှိုင်းဟာဤကမ္ဘာရှိအကြောင်းအရာများကိုအတော်အသင့်နားလည်ပြီးဖြစ်၏။ သူ၏လက်နက်ကလည်းသူ၏အမိန့်ကိုတစ်သဝေမတိမ်းနာခံနေလေပြီ။ တစ်နည်းအားဖြင့်​​ပြောရလျှင် ဤကမ္ဘာတွင်သူလုပ်ဆောင်ရမည့်Missionများစွာကိုစတင်ရပေတော့မည်။

"Testခုနစ်လုံးကိုအောင်မြင်သွားပြီမို့ လူကြီးမင်းကလက်ရှိရထားတဲ့Characterကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်မယ်လို့ Systemကယူဆပါတယ်။ ပြီးတော့ လူကြီးမင်းရဲ့ OOC Featureကို Updateမြှင့်ခွင့်ရပြီဖြစ်တဲ့အတွက် ရှေ့လျှောက်လူကြီးမင်းရဲ့အပြုအမူတွေကိုကန့်သတ်ထားဖို့မလိုတော့ဘူးဆိုပေမယ့်...."

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now