Unicode Version
အချိန်ကား နွန်း၏နေ့ညီလာခံကျင်းပနေချိန်ဖြစ်ပြီး ခန်းမကြီး၏အကြီးမားဆုံးပုလ္လင်တော်ထက်တွင် ထိုင်နေသော နွန်းမှာ လွန်စွာစိတ်ညစ်ညူးလျက်ရှိနေ၏။ သူ၏အရှေ့ရှိ လူအုပ်ကြီးမှာလည်း သူ့ကို လက်ခံနိုင်ဖွယ်မရှိသောအကြောင်းအရာများကို တောင်းဆိုနေလေသည်။
ပတ်ပတ်လည်ရှိ အမတ်များ၊ နယ်စားများနှင့် ဘုရင်ခံတို့မှာ နွန်းကို ကြင်ယာတော်ရွေးချယ်ရန်အချိန်ကျပြီဖြစ်သဖြင့် ကြင်ယာတော်ရွေးပွဲကို တုံ့ဆိုင်းမနေဘဲ လုပ်သင့်ကြောင်း တိုက်တွန်းနေကြ၏။ လက်ရှိတွင် နွန်းဟာ တရားဝင်ကြင်ယာတော်မရှိသေးသည့်အပြင် သူ့၌ ရည်ရွယ်ထားသူမရှိသေးကြောင်းကို သိနေကြသောအရာရှိများက စနစ်တကျလေ့ကျင့်သင်ကြားပေးထားသော သူတို့၏သမီးပျိုများအတွက် အခွင့်အရေးရှိသေးသည်ဟု မျှော်လင့်မိကြသည်။ ထို့ကြောင့် ကြင်ယာတော်ရွေးပွဲကို စတင်ရန်တိုက်တွန်းပြီး သူတို့၏သမီးပျိုများကို ပါဝင်စေရန် စိတ်ကူးထားကြသည်။
ရဲတိုက်ထဲ၌ နွန်း၏မိခင်ရှိစဥ်က သူတို့သည် ထိုကဲ့သို့သော အခွင့်အရေးမျိုး ရရန်ပင် စိတ်မကူးဝံ့ကြပေ။ နွန်း၏မိခင်သည် မျိုးရိုးဂုဏ်ဒြပ်ကို လွန်စွာတန်ဖိုးထားသူဖြစ်ပြီး တော်ဝင်မျိုးနွယ်ဝင်မှမဟုတ်လျှင် ဘယ်လိုမိန်းကလေးကိုမှ နွန်းနှင့်ထိုက်တန်သည်ဟု မမြင်တတ်၍ပင်။ ယခုလို သခင်မကြီး ရဲတိုက်၌မရှိတော့သည့်အချိန်တွင် သူတို့ဟာ သူတို့၏မျှော်လင့်ချက်ရောင်ခြည်တန်းလေးကို အမိအရဆုပ်ကိုင်ချင်ကြသည်။
ညီလာခံသဘင်ရှိလူအားလုံးဟာ ထိုအကြောင်းကို စိတ်အားထက်သန်စွာ လျှောက်တင်နေကြပြီး နွန်းကမူ သက်ပြင်းတချချနှင့် ရှိနေ၏။ သူ၏ဘေးရှိ မှိုင်းကို မသိမသာလှည့်ကြည့်၍ အကဲခတ်မိသောအခါ မှိုင်းဟာ မျက်လွှာကိုအသာချ၍ ခေါင်းငိုက်စိုက်ချထားသည်ကို မြင်လိုက်ရသည်။ ထိုအမူအရာလေးကို မြင်မိသောအခါ နွန်း၏ရင်ထဲတွင် နာကျင်သွားရသည်။
မှိုင်းဟာ သူတို့၏ဆက်ဆံရေးကို တမူထူးခြားလာစေချင်သူဖြစ်ပြီး နှစ်ပေါင်းများစွာ နွန်း၏အချစ်ကို ငံ့လင့်ခဲ့သည်။ ယခင်က နွန်းဟာ မှိုင်း၏မျှော်လင့်ချက်တို့ ကြီးထွားမလာခင် သူ့ကိုလက်လျှော့သွားစေရန် မိန်းမများနှင့် တရင်းတနှီးနေပြခဲ့သည်။ ဤသည်ကိုပင် မှိုင်းက ခေါင်းမာနေခဲ့သည်သာ။ ထိုအချိန်က နွန်းဟာ မှိုင်းအပေါ် တမင်တကာဖြစ်စေ မသိလိုက်မသိဘာသာဖြစ်စေ ရက်စက်မိခဲ့သည်။
YOU ARE READING
Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)
Fantasyနွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမနေဘူးလား သွားစမ်း!!!! အား!!! System!! ငါ့အမှတ်တွေကမပြည့်နိုင်သေးဘူးလား!!!!!" နွန်း : "ဘယ်လိုလဲ ရင်ထဲ...