Unicode Version
နွန်း၏ မြင်ကွင်းတွင် မြူများဆိုင်းကာပိတ်ဆို့နေခြင်းကြောင့် အရှေ့မှအရာများကို ကောင်းစွာ မမြင်ရသဖြင့် စမ်းတဝါးဝါးဖြင့် လမ်းလျှောက်နေရသည်။ လမ်းစလျှောက်လိုက်သောအခါမှ သူ၏ခန္ဓာကိုယ်သည် ကြီးမားစွာပြောင်းလဲနေသည်ကို သတိထားမိလိုက်သည်။ သူဟာ ခုနစ်နှစ်သားအရွယ် ခန္ဓာကိုယ်လေးထဲသို့ ရောက်ရှိနေခြင်းပင်။
"ဒါကဘာလဲ။ ငါ ကျိန်စာတစ်ခုခုမိထားတာလား"
သေးသွယ်သွယ်လက်ချောင်းလေးများကို ငုံ့ကြည့်ရင်း အထိတ်တလန့်ရေရွတ်မိချိန်တွင် သူ၏အနောက်ဘက်မှ ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။
"အေရှန်း.."
သူ၏မိသားစုပိုင်နာမည်ကို ခေါ်သူကား သူ၏မိခင်ပေတည်း။
"အမေလား.."
သူ၏အမေသည်လည်း နုပျိုစဥ်အရွယ်၌သာ ရှိသေးသည်။ ဒါဟာ အချိန်ခရီးသွားနေခြင်းလား။
"အမေ.. မှိုင်းက ဘာဖြစ်နေတာလဲမသိဘူး။ ကျွန်တော်နဲ့ မကစားဘူးတဲ့"
နွန်းကိုယ်တိုင်တောင် မသိလိုက်ပါဘဲ သူ၏နှုတ်မှ ထိုစကားများထွက်သွားလေသည်။ နွန်းလည်း မျက်လုံးအပြူးသားနှင့် ဟိုဟိုသည်သည်လိုက်ကြည့်နေမိသည်။
"သူ စိတ်ညစ်နေတယ်လေ..။ သွားမနှောင့်ယှက်နဲ့ပေါ့"
"တကယ်တော့ စိတ်ညစ်စရာလိုလို့လား။ သူ့ရဲ့အမေက......မဟုတ်ဘူးဆိုရင်တောင်..... မိသားစုက....ဘာမှဖြစ်စရာမလိုပါဘူး....နားလည်ပေးနိုင်တယ်.....ဘာတွေဖြစ်ဖြစ်....သူကကျွန်တော့်ညီပဲ...."
စကားသံများဟာ ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး အသံအနိမ့်အမြင့် လှိုင်းမညီပေ။ မြင်ကွင်းများသည်လည်း ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး သူ၏ခေါင်းကလည်း ထုံကျင်လာသည်။ အနည်းငယ်မျှသာ ထုံကျင်နေရာမှ မခံမရပ်နိုင်အောင် နာကျင်လာသည့်အခါ နွန်းလည်း ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်၍ နာကျင်စွာအော်ညည်းမိသည်။
ခန္ဓာကိုယ်အတွင်းမှ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးလိုက်ရသလို ဟာတာတာဖြစ်သွားရသည့်ခံစားချက်နှင့်အတူ အသည်းခိုက်အောင်နာကျင်မှုက တစ်ဆထက်တစ်ဆတိုးပွါးလာသည်။ အတွင်းပိုင်းနာကျင်မှုမှ အပြင်ကိုပါ ရိုက်ခတ်လာသောအခါ သူ၏ဦးခေါင်းတစ်ခုလုံး ကျိုးကြေသွားသလို ခံစားလိုက်ရသည်။
YOU ARE READING
Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)
Fantasyနွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမနေဘူးလား သွားစမ်း!!!! အား!!! System!! ငါ့အမှတ်တွေကမပြည့်နိုင်သေးဘူးလား!!!!!" နွန်း : "ဘယ်လိုလဲ ရင်ထဲ...