Part-3

13.3K 1.3K 19
                                    

Unicode Version

ရဲတိုက်၏အပြင်သို့ထွက်ရတော့မည်ဆိုလျှင် တော်ဝင်အဆောင်အယောင်ကိုခွါချကာ တိုက်ခိုက်ရေးသမားအသွင်ကိုသာ ယူရမည်ဟူသောစည်းကမ်းချက်အရ မှိုင်းနှင့်နွန်းကလည်း အဖြူအမည်းဝတ်စုံအစား ငွေရောင်ရှပ်နှင့်ခဲရောင်ခြုံထည်ကိုသာဝတ်ဆင်ရသည်။

မှိုင်းကိုသိသင့်သည်များသင်ကြားပေးမည်ဟူသောအကြောင်းပြချက်နှင့် နွန်းသည်အစောင့်တစ်ယောက်မှမလိုက်စေဘဲ သူနှင့်မှိုင်းနှစ်ယောက်တည်းသာသွားမည်ဟု ဆိုလာသောအခါ ရဲတိုက်ထဲရှိအစောင့်များကလည်းနွန်း၏အမိန့်ကို တသွေမတိမ်းလိုက်နာကြရ၏။ ထို့အပြင်မြင်းဇောင်းရှိမြင်းများကိုပါမသုံးဘဲ လမ်းလျှောက်၍သာသွားရမည်ဟုဆိုလာသောအခါတွင် မှိုင်းသည်စိတ်ထဲကမကျေမနပ်ဆဲဆိုမိတော့သည်။

ယခင်လူ၏မှတ်ဥာဏ်အရ မှိုင်းသည်မြင်းကိုကောင်းစွာစီးတတ်သဖြင့် မှိုင်းကိုငဲ့၍မြင်းမစီးခိုင်းသည်မျိုးလည်းမဟုတ်နိုင်တော့။

မှိုင်း : လူမဆန်ဘူးဆိုတာသူမှအစစ်

ရဲတိုက်အပြင်ဘက်သို့လမ်းလျှောက်ထွက်ရရုံလေးဖြင့် ခြေထောက်တစ်ခုလုံးထုံကျင်နေပြီဖြစ်သောမှိုင်းက စိတ်မပါလက်မပါဟန်ပန်ဖြင့်လိုက်ပါလာသည်ကို နွန်းမြင်သောအခါ အရှေ့မှလျှောက်နေရင်းဖြင့်ရုတ်တရက်ရပ်တန့်လိုက်ပြီး အနောက်ဘက်ရှိမှိုင်းကိုလှည့်ကြည့်လာသည်။

"ဒီလောက်ဒဏ်လေးကိုမှမခံနိုင်ရင် နောက်ဆိုရင်မင်းဘယ်လိုလုပ်လူတွေအများကြီးကိုအုပ်ချုပ်မလဲ ငါအခုလိုမင်းကိုခေါ်လာရတယ်ဆိုတာလည်း ပြဿနာတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို မင်းသင်ယူသင့်နေပြီလို့ထင်လို့"

အဓိကပြဿနာကိုမသိသည့်နွန်းက သူထင်ရာများပြောနေခြင်းကို မှိုင်းတစ်ယောက်စိတ်မရှည်စွာနားထောင်နေရသည်။ သူ၏ပြိုင်ဘက်ဖြစ်ခဲ့ဖူးသူသည်ယခုလိုသူ့အားဆုံးမစကားပြောနေသည့်ကိစ္စရပ်ဟာ မှိုင်းအတွက်အလွန်ခံရခက်စေသည်ဖြစ်ရာ ဆဲဆိုလိုက်ချင်သည့်သူ၏ပါးစပ်ကိုအလွန်အမင်းအားထုတ်ကာပိတ်ထားရလေသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now