Part-13

7.2K 840 8
                                    

Unicode Version

ပဥ္စလက်ပွဲတော်၏ဖွင့်ပွဲသည် နွန်းနှင့်မရဏအရှင်တို့၏ကောင်းချီးပေးမှုနှင့်စတင်သည်။ အခမ်းအနား၏အစပိုင်းတွင်မရဏအရှင်ကအလောသုံးဆယ်ဖြစ်နေပုံရပြီး မိန့်ခွန်းခြွေနေစဥ်မှာပင် သူ၏အကြည့်က ပတ်ပတ်လည်ရှိလူအုပ်ထံတွင်တဝဲလည်လည်ဖြစ်နေလေ၏။

မရဏအရှင်ကတိုတိုတုတ်တုတ်မိန့်ခွန်းကိုခပ်မြန်မြန်ပြောဆိုပြီးနောက် နွန်း၏အလှည့်သို့ရောက်လာလေပြီ။ မရဏအရှင်မှာ မူလကမိန့်ခွန်းမှာတမ်းပြီးသည်နှင့် လိုရာသို့သွားမည်ဟုကြံရွယ်ထားသော်လည်း ယဥ်ကျေးမှုအရ နွန်း၏မိန့်ခွန်းမှာတမ်းပြီးမှသာသွားရန်ဆုံးဖြတ်လိုက်သည်။

အားလုံးပြီးစီးသွားသည့်နောက် ပွဲတော်ဟာတရားဝင်စတင်ကြောင်း​နွန်းကကြေညာလိုက်သည်နှင့် လူထုဟာအုံးအုံးကျက်ကျက်ဖြစ်သွားကြသည်။ မှိုင်းကလည်းနွန်းနှင့်မလှမ်းမကမ်းရှိနေရာတွင်ရပ်နေရင်းမှ ရဲတိုက်အစောင့်များနှင့်စစ်သည်များရောထွေးနေသောလူထုကိုအကဲခတ်ကြည့်လိုက်သည်။ စစ်သည်များနှင့်အစောင့်များမှလွဲ၍ ပြည်သူအများစုဟာ အရောင်စုံလင်သောအဝတ်အစားများကို သူ့ထက်ငါအပြိုင်ဝံ့ကြွားစွာဝတ်ဆင်ထားကြပြီး မျက်နှာတစ်ဝက်ကွယ်ဝှက်ပေးနိုင်သောမျက်နှာဖုံးကိုယ်စီတပ်ထားကြသည်။

ထိုအပြင်အဆင်များစွာကိုကြည့်၍ မှိုင်း၏စိတ်ထဲတွင်ဟောလိုးဝင်းပါတီကို သွား၍မြင်ယောင်မိသည်။ သို့သော်ဤပဥ္စလက်ပွဲတော်ကတော့ တစ္ဆေများနှင့်မိစ္ဆာများအမှန်တကယ်တက်ရောက်သည်လေ။

နွန်းနှင့်မှိုင်းတို့ကတော့ လက်ရှိတွင်တော်ဝင်ဝတ်စုံကိုသာဆင်မြန်းထားရသေးသည်။ မတိုင်မီကစီစဥ်ထားသောဝတ်စုံကို ပွဲတော်ထဲ၌လျှောက်လည်သည့်အခါမှသာဝတ်ရန်စိတ်ကူးထားကြသည်။

ဖွင့်ပွဲနေ့၏အစပိုင်းတွင် နွန်းကသူ၏အစောင့်များနှင့်အတူ လုံခြုံရေးအစီအစဥ်ကိုကြပ်မတ်ရန်လိုသေးသောကြောင့် မှိုင်းကလတ်တလောတွင် တစ်ယောက်ထီးတည်းဖြစ်နေရသည်။

"မှိုင်း အဝေးကြီးတော့လျှောက်မသွားနဲ့ဦး။ ဒါတွေပြီးရင်ငါကိုယ်တိုင်သေချာလိုက်ပို့မယ်။ အခုတော့အနီးအနားမှာပဲနေနှင့်ဦး"

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now