Part-70 (Arc-2 End)

3.6K 430 12
                                    

Unicode Version

သေခြင်းတရားနှင့် လက်တစ်ကမ်းအကွာ...။

အဆုံးသတ်ပါပြီဟုစိတ်လျှော့လိုက်ခါမှ မျှော်လင့်ခြင်း၏ရောင်ခြည်ဟာ သူတို့နှစ်ဦး၏ခန္ဓာကိုယ်ထက် လုံးလုံးလျားလျားလွှမ်းခြုံပေးလာချိန်မှာ မောင်းဖြုတ်တော့မည့်သေနတ်ကို ပြန်လည်ရုတ်သိမ်းရင်း တစ်ဖက်ကို အလန့်တကြားလှည့်ကြည့်မိကြသည်။

အနက်ရောင်ကားတစ်စီးဟာ သူတို့ရှိရာကို မိုင်ကုန်မောင်းနှင်လာရင်း သရုပ်မှန်မသဲကွဲသော ကားထဲရှိအမျိုးသားတစ်ယောက်က မီးခိုးဗုံးများကိုပစ်ထုတ်ရင်း သူတို့နှင့်Zombieများအကြား အဟန့်အတားလုပ်လိုက်သည်။

မီးခိုးဗုံးကြောင့် မြင်ကွင်းဝေဝါးပြီး Zombieအုပ်စု၏လှုပ်ရှားမှုများတုံ့ဆိုင်းသွားချိန်ကိုအခွင့်ကောင်းယူ၍ ထိုအနက်ရောင်ကားက သူတို့အနားကို အလျင်အမြန်ချဥ်းကပ်လာသည်။

အံ့သြမင်သက်နေမိသောသူတို့ကလည်း ရုတ်ချည်းဖြစ်ပျက်သွားသောကိစ္စများကြောင့် ပါးစပ်အဟောင်းသားဖြစ်နေမိကြသည်။

မျက်စိရှေ့မှာတင် Zombieတစ်ကောင်ပြီးတစ်ကောင် လဲကျသွားသည်ကိုမြင်နေရရင်း ကြောင်အနေမိပြီးမှ သေနတ်သံတဒိုင်းဒိုင်းနှင့် အသေးစားဖောက်ခွဲသံတို့ကိုကြားမှသာ သတိပြန်ဝင်လာကြသည့်သူတို့နှစ်ယောက်ဟာ သေနတ်ကိုင်ထားသောလက်တို့ကို ပြန်ချလိုက်ကြသည်။ တဒင်္ဂသောအခိုက်အတန့်လေးမှာပင် အနက်ရောင်ကားကြီးက သူတို့ရှေ့တည်တည့်ကို ဆိုက်ရောက်လာပြီး အနောက်ခန်းကကားတံခါးကို အဆင်သင့်ဖွင့်ပေးလာသည်။

"မြန်မြန်တက်ကြ"

ကားမောင်းသူနေရာမှာရှိသောအမျိုးသားက သူတို့ကိုလှည့်ကြည့်ပြီး အလောတကြီးတိုက်တွန်း၏။ သူ့နံဘေးရှိခုံမှာတော့ ယူနီဖောင်းတစ်ခုကိုဝတ်ဆင်ထားသောအမျိုးသားက မီးခိုးများအကြားက ဖောက်ထွက်လာသည့် Zombieများကို သေနတ်တစ်လက်ဖြင့် တရစပ်ပစ်ခတ်နေပေသည်။ သူ၏ပစ်ချက်တိုင်းကလည်းမလွဲချော်ဘဲ အဓိကအားနည်းချက်နေရာကို တည့်ထိသည်။

မှိုင်းက ဘဝင်ခိုက်စေကို ကားထဲကို ဦးစွာဝင်စေပြီး သူက အနောက်မှ လိုက်ဝင်သည်။ သူတို့နှစ်ယောက် ကားပေါ်ကိုရောက်သည်နှင့် ကားမောင်းသူနေရာရှိအမျိုးသားက နေရာမှအလျင်အမြန်လှည့်ထွက်ပြီးမောင်းလေတော့သည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin