Part-62

3K 384 6
                                    

Unicode Version

စစ်ရေးလေ့ကျင့်မှုများကို အပြင်းအထန်လုပ်ရလေသော စစ်သည်များသည် နေ့ရောညပါမအားလပ်နိုင်ချေ။ စိတ်ဓာတ်ပြင်းပြသော သူတို့၏ကြိုးစားမှုဟာ လဝက်ကြာသည်အထိပင် အလျှံတငြီးငြီးတောက်လောင်နေလေသည်။

မတရားခံရခြင်းများက သူတို့၏နာကြည်းစိတ်များကို ပိုအရောင်တောက်စေပြီး အချို့စစ်သည်များဆိုလျှင် မြို့တော်ကိုဝင်ခွင့်မရရှာသဖြင့် မိသားစု၏သေရေးရှင်ရေးကိုပင် မသိကြရရှာပေ။ သူတို့အတွက် မိသားစုနှင့်ပြန်တွေးနိုင်သည့်နည်းလမ်းမှာ စစ်ပွဲကိုအောင်နိုင်ပြီး မြို့တော်ကိုပြန်သိမ်းပိုက်နိုင်မှသာ ဖြစ်လိမ့်မည်မှန်း သဘောပေါက်ကြ၍ ယခုစစ်ပွဲသည် သူတို့အတွက်လည်း သေမထူးနေမထူးပင်။

လက်နက်တပ်ဆင်ရေးအပိုင်းသည်လည်း ပြီးလုနီးပါးဖြစ်နေလေပြီ။ တစ်ဖက်ကလည်း စစ်ချီရန်ရက်ပိုင်းမျှပင်လိုတော့ကြောင်း သူလျှိုများထံမှတစ်ဆင့် သိထားပြီးဖြစ်၍ စစ်ရေးလေ့ကျင့်မှုများကို ယခုလိုအရှိန်အဟုန်ပြင်းပြင်းနှင့် လုပ်ဆောင်နေရခြင်းဖြစ်၏။

စစ်သည်များဒုက္ခခံရသလို နွန်းနှင့်မှိုင်းသည်လည်း အနားမရပေ။ အထူးသဖြင့် မှိုင်းပင်။ မှိုင်းအနေနှင့် ကံအားလျော်စွာဖြင့် ရှုပ်ထွေးပွေလီလှသော ဤကမ္ဘာကိုကူးပြောင်းလာရပြီး သူ့လိုလူတစ်ယောက်အနေနှင့် ကြုံရခဲသောစစ်ပွဲတစ်ခုနှင့် လာကြုံနေရသည်။ Missionအောင်မြင်ရေးအတွက်သာမဟုတ်လျှင် ဤစစ်ပွဲတွင်ဦးဆောင်ပြီးတိုက်ရန် တွေဝေနေနိုင်လောက်သည်။

စိုးရိမ်စိတ်နှင့် နောက်ဆံတင်းမှုတချို့ကြောင့် စစ်ခင်းမည့်နေ့နီးလာသည်နှင့်အမျှ သူ၏စိတ်အခြေအနေလည်း တဖြည်းဖြည်းမတည်မငြိမ်ဖြစ်လာရသည်။ သို့သော် ဆိုးဝါးလွန်းသည့်အဆင့်တော့မဟုတ်။

"မှိုင်း.. စစ်ချီမယ့်နေ့ကျရင် ဒါလေးကို လည်မှာဆွဲထားပေး"

တော်ဝင်မျိုးနွယ်များ၏အဆင်တန်ဆာများကဲ့သို့ ခမ်းနားခြင်းမရှိသည့် အရောင်မွဲမွဲလည်ဆွဲတစ်ကုံးသည် နွန်း၏လက်ထဲမှထွက်ပေါ်လာသည်။ သာမန်အမည်းရောင်ကြိုးတစ်ချောင်းသာသာမျှရှိသော လည်ဆွဲသည် သာမန်ကြိုးတစ်ချောင်းထက်သာသော အချက်ဟူ၍ လင်းယုန်သဏ္ဍာန်ထွင်းထုထားသော ဆွဲသီးငယ်တစ်ခုသာရှိ၏။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now