Part-9

9.6K 962 69
                                    

Unicode Version

တစ်ပတ်ဆိုသောအချိန်အတွင်းမှာ မှိုင်းဟာနွန်းကိုစိတ်တိုလိုက်ရ၊ မိန်းမလှလေးများကိုခိုးကြောင်ခိုးဝှက်သွားတွေ့လိုက်ရနှင့် အလုပ်ရှုပ်နေခဲ့ရသည်။ System၏တတိယမြောက်Testကိုအောင်မြင်ပြီးနောက်တွင် မှိုင်းကဤကမ္ဘာရှိအကြောင်းအရာများနှင့် အရမ်းစိမ်းသက်မနေတော့။

Experience Levelတစ်ခုပြီးတစ်ခုတက်လာသည်နှင့်အမျှ Itemတစ်ခုပြီးတစ်ခုလက်ခံရရှိသလို သူ၏လက်နက်ကိုထိန်းချုပ်နိုင်စွမ်းကလည်း တဖြည်းဖြည်းမြင့်တက်လာသည်။ တခြားတိုးတက်လာသည့်အရာများစွာရှိသေးသည်။ ဥပမာ မှိုင်းကိုဆက်ဆံသောနွန်း၏အပြုအမူများဟာ အရင်ကနှင့်မတူဘဲနည်းနည်းချင်းနူးညံ့လာသည့်ကိစ္စမျိုး။

"မှိုင်း"

အမိန့်ဆန်ဆန်လေသံများကိုသာမိန့်တတ်သော နွန်း၏နှုတ်ဖျားမှ ဤကဲ့သို့အလိုလိုက်သောလေသံမျိုးထွက်ကျလာသည်ကို မှိုင်းကိုယ်တိုင်လည်းမယုံနိုင်။

"ပြောလေ"

မှိုင်းကလည်း မနက်စာပန်းကန်ထဲတွင်ခေါင်းမြုပ်မတတ်ငုံ့ထားရင်းမှ ပြန်ပြောသည်။ အရှေ့တည့်တည့်ရှိနွန်းကိုလုံးဝမကြည့်။ အကြောင်းကတော့ အရင်ရက်များကလိုငေးကြည့်စရာမိန်းမလှလေးများက နွန်း၏ဘေးတွင်ရှိမနေ၍ဖြစ်သည်။

မှိုင်း : ကောင်မလေးတွေဘယ်ရောက်ကုန်တာလဲ။ မနေ့ကအထိရှိနေသေးတာကို။

"ဒီနေ့အပြင်ထွက်ရမယ်နော် ဟိုတလောကပြောထားတဲ့မိစ္ဆာအရှင်ရဲ့ကိစ္စကိုစုံစမ်းဖို့"

နွန်း၏စကားကိုသာမန်ကာလျှံကာခေါင်းညိတ်ပြလိုက်သောမှိုင်း၏စိတ်ထဲတွင်တော့ အခြားကိစ္စတစ်ခုကအပြည့်အဝကြီးစိုးထားသည်။

မှိုင်း : ကောင်မလေးတွေဘယ်ရောက်သွားတာလဲဆိုတာကိုပဲသိချင်ပါတယ်ဆိုမှ သူကတစ်မျိုး

မှိုင်း၏ဝတ်ကျေတန်းကျေဆက်ဆံပုံကြောင့် နွန်းကိုယ်တိုင်လည်းအားမလိုအားမရဖြစ်ရသည်။ အရင်ကတော့မှိုင်းဟာစိတ်ရှုပ်ဖို့ကောင်းခှချည်ရဲ့ဟုညည်းညူနေတတ်သောသူဟာ မှိုင်း၏ဂရုမစိုက်မှုများနှင့်ပက်ပင်းတိုးရလေသောအခါတွင်လည်း နေမထိထိုင်မသာဖြစ်နေရသတဲ့။ ဤအဖြစ်ကသူ့ကိုပို၍စိတ်ရှုပ်စေသည်။ တစ်ယောက်တည်းကူကယ်ရာမဲ့နေလေခြင်း...။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now