Part-71 (Arc-3)

3.7K 379 6
                                    

Unicode Version

အရှေ့မှာ ထူးဆန်းအံ့သြပြီးကြောက်မက်ဖွယ်ကောင်းသောအရာများကို ကြုံတွေ့ခဲ့ပြီးဖြစ်ရာ ယခုလက်ရှိရောက်နေသောကမ္ဘာသည် မှိုင်းအဖို့ လက်သင့်ခံနိုင်ဖွယ်အခြေအနေမှာရှိ၏။

လက်ရှိကမ္ဘာသည် သမားရိုးကျကမ္ဘာတစ်ခုမဟုတ်သည့်တိုင် သူ့အဖို့ အထူးတဆန်းလည်းဖြစ်မနေတော့ချေ။

ဤကမ္ဘာတွင် တိုင်းပြည်နိုင်ငံဟူ၍ တစ်သီးတစ်သန့်တည်ရှိနေခြင်းမျိုးမရှိဘဲ လူသားများသည် ပေါက်ဖွားရာမျိုးနွယ်စုအလိုက် အစုအဖွဲ့ခွဲ၍နေထိုင်ကြခြင်းဖြစ်သည်။ ခေတ်မီနည်းပညာမရှိသည့်မျိုးနွယ်စုများဖြစ်ရာ အဝတ်အစား၊အစားအစာနှင့် အခြားသောရှင်သန်နေထိုင်နိုင်ရေးများအတွက် သဘာဝကိုသာအားကိုးရသည်။

အဝတ်အစားအတွက် တိရစ္ဆာန်အရေခွံများနှင့် ဝါဂွမ်းတို့ရက်လုပ်ပြီးဝတ်ဆင်ကြရသလို အစားအစာအတွက်လည်း သစ်သီးသစ်ဖုများနှင့် အမဲလိုက်ရာမှရသောအသားငါးများကို ကြော်လှော်ချက်ပြုတ်ကြရသည်။

သူတို့မျိုးနွယ်စုလေးဟာ ထိုအချိန်အထိအဆင်ပြေနေသော်လည်း မှော်ဆရာတစ်ဦး၏နယ်ချဲ့မှုကို အပြင်းအထန်ခံစားချိန်မှာတော့ အားလုံးဟာ အကျဥ်းကျခံရသည့်နှယ် လွတ်လပ်ခွင့်များ တစ်စထက်တစ်စဆုံးရှုံးခဲ့ကြရသည်။

အစပိုင်းမှာတော်လှန်ခဲ့ကြသေးသော်လည်း လူသားအင်အားနှင့်ယှဥ်ပြိုင်ရန်မစွမ်းသာသည့် မှော်အတတ်တို့ကိုတွန်းလှန်ရန်မှာ စိတ်ကူးယဥ်ကိစ္စသာသာ...။

ဤသို့ဖြင့် သူတို့ဟာ မှော်ဆရာကြီး၏လက်အောက်တွင် အလုံးစုံကျရောက်သွားပြီး ထိုမှော်ဆရာကိုပင် သူတို့၏မျိုးနွယ်စုအကြီးအကဲအဖြစ် အသိအမှတ်ပြုခဲ့ရသည်။

ထိုအကြီးအကဲကလည်း နယ်စပ်ပတ်ပတ်လည်မှာ မှော်အရံအတားတစ်ခုဖန်ဆင်းပြီး သူတို့ကို အပြင်ကမ္ဘာကြီးနှင့်အဆက်အသွယ်ပြတ်တောက်စေရန်အတွက် ထိုအရံအတားအတွင်းမှာသာ သူတို့ကိုနေစေခဲ့သည်။

သူတို့သည် မှော်အရံအတားကိုကျော်ဖြတ်ခွင့်လည်းမရှိသလို ကျော်ဖြတ်နိုင်စွမ်းလည်းမရှိ။ အကြီးအကဲသည် မှော်အရံအတားကို လုံခြုံရေးအထပ်ထပ်ချထားသည့်အပြင် မှော်အစီအရင်များနှင့်ချိတ်ပိတ်ထားသေးသည်ဖြစ်ရာ သူ၏အစီအရင်များကိုကျော်လွန်၍ ထွက်သွားနိုင်သူဟူ၍ တစ်ဦးတစ်လေမျှမရှိ။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now