Part-66

3.3K 425 18
                                    

Unicode Version

အခန်းတံခါးနားမှာ ကျောက်ရုပ်ကြီးလိုရပ်ကာ တံခါးလော့ကိုလည်းခပ်တင်းတင်းဆုပ်ကိုင်ထားရင်း မှိုင်းခမျာ အယောင်ယောင်အမှားမှားဖြစ်နေရရှာသည်။

အသိစိတ်ကိုရော ခန္ဓာကိုယ်ကိုပါ စိုးမိုးခြယ်လှယ်ထားသော အကြောက်တရားက တစ်ခုတည်းသာ..။

အပြင်မှာ Zombieတွေရှိနေတယ်တဲ့ဟ..။ စောက်ကျိုးနည်းZombieအစစ်တွေ..!!!!

တံခါးဖွင့်ချလိုက်ပြီး သူ့ဆီကိုအပြေးသွားလိုက်ချင်ပါသော်ငြား တံခါးဖွင့်လျှင် မြင်ရမည့်မြင်ကွင်းများအတွက် စိတ်ကအဆင်သင့်မဖြစ်သေးပေ။

ဘဝင်ခိုက်စေ၏အခန်းကိုရောက်ဖို့ သူသည်လျှောက်လမ်းတစ်ခုစာဖြတ်ကျော်ရမည်ဖြစ်ပြီး ထောင့်ချိုးတစ်ခုကိုဖြတ်ကျော်ရန်လည်းလိုသေးသည်။

မသေချာမရေရာသည့် ဤအခြေအနေမှာ ထိုအခန်းဆီကိုရောက်လျှင်ပင် အန္တရာယ်ကင်းနိုင်ဖို့မသေချာသေးချေ။ ထိုအခန်းမှာ လူမရှိနေလျှင် သူတော့ကိစ္စတုံးရမည်ဖြစ်၏။

အပြင်ကိုပြေးထွက်မသွားခင် အရင်ဦးစွာ ကိစ္စတချို့ကို စနစ်တကျပြင်ဆင်ရပေဦးမည်။

ထိုအတွေးနှင့်အတူ ရှုပ်ပွနေသောအခန်းတစ်ခုလုံးကို အကြည့်​ဝေ့လိုက်ရင်း အသုံးဝင်သည့်အရာရှိမရှိရှာဖွေနေမိသည်။ စိတ်လှုပ်ရှားမှုကြောင့် ခြောက်သွေ့လာသောလည်ချောင်း​ကို ရေဓာတ်ဖြည့်တင်းလိုက်ချင်ပါသော်လည်း တစ်အိမ်လုံးမှာ ရေနှင့်တူတာတစ်ခုမျှမရှိပေ။

​ဆာလောင်မှုကြောင့် ခြောက်ကပ်နေသောနှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ဧည့်ခန်းထောင့်မှာတွေ့သည့်အသက်ကယ်ကြိုးခွေကို ကောက်ယူလိုက်သည်။ ထို့နောက် ဘေ့စ်ဘောတုတ်တံကိုပါ တွေ့လိုက်သဖြင့် ထိုတုတ်ကို ညာဘက်လက်မှာ ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

အိပ်ခန်းထဲကို တစ်ဖန်ပြန်သွားပြီး ရုပ်ရှင်ထဲမှာတွေ့ထားဖူးသလို တိပ်ဝါများကိုရှာဖွေကာ လက်နှစ်ဖက်စလုံးမှာ အပြည့်ရစ်ပတ်ကာ ကပ်ထားလိုက်၏။

အခြားလိုရမည်ရပစ္စည်းပေါက်စလေးများကို စုစည်းပြီးနောက် ဧည့်ခန်းထဲမှာ ငုတ်တုတ်ထိုင်ကာ အစီအစဥ်ချနေတော့သည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now