Unicode Version
ပန်းချီကားကိုနေရာတကျပြန်ထားပြီးနောက်တွင် နွန်းသည်လည်းကြမ်းပြင်ပေါ်သို့ပုံခနဲပြုတ်ကျလာလေသည်။ လက်နက်တခြား၊လူတခြားဖြစ်သွားရသည့်နွန်း၏ပုံစံကို မတိုင်မီကကြားလိုက်ရသည့်ရယ်သံပိုင်ရှင်သည် တစ်ဖန်လှောင်ရယ်လာပြန်သည်။
"ဟားဟားဟား တော်ဝင်မျိုးနွယ်တဲ့။ ဖရိုဖရဲဖြစ်နေလိုက်ပုံများ"
ထိုစူးရှရှအသံကိုကြားသောအခါ နွန်းသည် အမျက်ချောင်းချောင်းထွက်သွားရပြီး လက်သီးကိုတင်းတင်းဆုပ်ထားသည်။ စကားဖြင့်အစော်ကားခံလိုက်ရသည့်အတွက် မကျေမနပ်ဖြစ်နေရသည့်အပြင် ထိုအသံပိုင်ရှင်ကိုဟိုဟိုသည်သည်ရှာနေသော်လည်းမတွေ့ရသဖြင့် ပို၍ဒေါသထွက်ရလေပြီ။
မှိုင်းကမူနွန်း၏စိတ်အခြေအနေကောင်းမွန်သည်ဖြစ်စေ၊ ဆိုးရွားသည်ဖြစ်စေ ဂရုမစိုက်နိုင်ဘဲ ကြောက်မက်ဖွယ်ကောင်းသောစူးရှရှအသံကြောင့် ကြောက်စိတ်ပိုနေရပြီဖြစ်ရာ နွန်းကိုသာအတင်းကပ်ထားရင်းအကာအကွယ်ယူနေရလေသည်။
နွန်းသည်ထိုအသံကိုရှာရန်အပေါ်ထပ်သို့ပြေးသွားလိုက်ချင်သော်ငြား တိုက်ခိုက်ရည်မပြည့်ဝသေးသည့်မှိုင်းကိုလည်း စိတ်မချနိုင်ပေ။ ထို့ကြောင့်သူဟာသူ၏လက်နက်ကိုသုံး၍ ကြမ်းပြင်တွင်စည်းဝိုင်းတစ်ခုဖန်တီးလိုက်လေသည်။
မှိုင်းသည်လည်းကြမ်းပြင်ပေါ်တွင် ရုတ်တရက်ပေါ်လာသောခရမ်းရောင်စည်းဝိုင်းတစ်ခုကိုအံ့သြတကြီးကြည့်နေမိ၏။
"ဘာတွေပဲဖြစ်ဖြစ် ဒီစည်းဝိုင်းထဲမှာနေ အပြင်ကိုလုံးဝမထွက်နဲ့ ဒီထဲမှာမင်းအန္တရာယ်ကင်းတယ် ဟုတ်ပြီလား"
နွန်းသည်မှိုင်းကိုလက်မောင်းမှဆွဲခေါ်၍ ထိုစည်းဝိုင်းအတွင်းသို့ ဝင်စေသည်။ ထို့နောက်တွင် မှိုင်းကိုတစ်ချက်မျှလှည့်မကြည့်တော့ဘဲ အပေါ်ထပ်သို့ပြေးတက်သွားတော့သည်။
မှိုင်းသည်လည်း တစ်ယောက်တည်းနေရန်ကြောက်လှသော်ငြား အပေါ်ထပ်တွင်ပို၍ကြောက်စရာကောင်းသည့်အရာများရှိနေမည်ဖြစ်ကြောင်းခန့်မှန်းမိသဖြင့် လိုက်သွားရန်မတောင်းဆိုခဲ့ချေ။ နွန်းပြန်လာမည့်အချိန်ကိုသာ စည်းဝိုင်းအတွင်း၌ငြိမ်ငြိမ်သက်သက်ထိုင်စောင့်နေလိုက်သည်။
BẠN ĐANG ĐỌC
Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)
Viễn tưởngနွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမနေဘူးလား သွားစမ်း!!!! အား!!! System!! ငါ့အမှတ်တွေကမပြည့်နိုင်သေးဘူးလား!!!!!" နွန်း : "ဘယ်လိုလဲ ရင်ထဲ...