Part-10

8.8K 905 11
                                    

Unicode Version

နွန်းကထိုလူကိုမြင်သည်နှင့်ကျင့်ဝတ်အရရိုသေသမှုပြလိုက်သောအခါ ထိုလူကလည်းနွန်းကိုပြန်၍အရိုအသေပေးသည်။

"အရှင်နွန်းကိုဒီနေရာမှာတွေ့ရလိမ့်မယ်လို့ထင်မထားဘူး"

ထိုလူဟာနွန်းကိုမေးခွန်းထုတ်ရင်း နွန်း၏ဘေးတွင်ရပ်နေသောမှိုင်းကိုပြုံးစစနှင့်​ကြည့်နေသဖြင့် မှိုင်းခမျာနားမလည်နိုင်ဖြစ်သွားရသည်။

"ကိုယ့်တိုင်းပြည်ရဲ့အခြေအနေကို ကိုယ်တိုင်လေ့လာကြည့်တဲ့သဘောပါ"

အခြေအနေကိုသဘောပေါက်သောနွန်းကလည်း မှိုင်း၏အရှေ့တွင်မသိမသာပိတ်ရပ်ရင်း ထိုလူ၏မြင်ကွင်းကိုကာလိုက်သည်။

"ခေါင်းဆောင်ကောင်းပါပဲဗျာ"

ပြုံးတုံ့တုံ့နှင့်ပြန်ပြောလာသောထိုလူဟာဤစကားကိုစိတ်ရင်းနှင့်ပြောနေသည်ဟု မှိုင်းကယူဆသည်။ ခေါင်းစွပ်နှင့်မို့သူ၏ရုပ်ကိုသေချာမဖမ်းမိသေးသော်ငြား ထိုလူ၏အသံဟာသြဇာအပြည့်လွှမ်းမိုးထားနိုင်ပြီး စကားတစ်ခွန်းတည်းနှင့်လူအများကိုသူ့ဘက်သို့ပါလာအောင်ဆွဲဆောင်နိုင်စွမ်းရှိသည်ဟုလည်း သုံးသပ်မိပြန်သည်။

"ကျွန်တော်ကတော့မရဏအရှင် ဒီနေရာမှာရှိနေရတဲ့အကြောင်းကိုပိုပြီးစိတ်ဝင်စားနေတယ်"

နွန်းကမရဏအရှင်ဟုသုံးနှုန်းလိုက်သောအခါမှသာ မှိုင်းလည်းမျက်လုံးပြူးသွားရသည်။ မှိုင်းထင်ထားသည်နှင့် များစွာကွဲလွဲနေသည်မဟုတ်လား။ မှိုင်းကမိစ္ဆာအရှင်ကိုလွန်စွာရုပ်ဆိုးအကျည်းတန်လိမ့်မည်ဟုထင်ထားသော်လည်း ယခုမြင်ရသလောက်အနေအထားမှာ မိစ္ဆာအရှင်ဟာ သူထင်ထားသည်ထက်ပင်ပို၍ကြည့်ကောင်းပေလိမ့်မည်။

"အခုရက်ပိုင်း မွန်ဗယ်နယ်မြေဘက်ကနေစည်းကျော်လာမိတယ်ဆိုတာသိပေမယ့် ကျုပ်ကမဟုတ်တာလုပ်ဖို့အကြံအစည်မရှိတဲ့အတွက် အရှင်နွန်းစိတ်ချနေလို့ရပါတယ်"

"ဒါဆိုရင် မရဏအရှင်ကဘာများလိုချင်တာရှိလို့.."

နွန်း၏စကားမဆုံးခင်မှာတင် မရဏအရှင်ဟူသောသူဟာ အားပါးတရရယ်မောလိုက်သည်။ မှိုင်းသည်ပင်ကြက်သီးမွေးညင်းထောင်ထသွားသည်အထိလန့်မိသောအရှိန်အဝါကိုပိုင်ဆိုင်ထားသူပင်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now