Part-23

5K 650 27
                                    

Unicode Version

နောက်တစ်ရက် နံနက်ခင်းတွင် အဖြူရောင်ရဲတိုက်၏ သခင်လေးမှိုင်းဟာ တော်ဝင်သမားတော်ဟောင်းတစ်ဦးဖြစ်သော ဒီဗာအား  သူ၏ဘဏ္ဍာတိုက်မှ ရွှေစတစ်ထောင်ကို ပေးအပ်ချီးမြှောက်လိုက်ကြောင်း ရဲတိုက်ထဲရှိ နေရာအနှံ့တွင် သတင်းပြန့်နေလေ၏။

မှိုင်း၏ရက်ရောမှုကို မကြုံဖူးခဲ့ကြသည်ဖြစ်ရာ ရဲတိုက်ထဲရှိ အမှုထမ်း အားလုံးသည် ထိုသတင်းနှင့်ပတ်သက်၍ အမှန်တကယ်အံ့သြလျက်ရှိကြသည်။ စားဖိုဆောင်မှလူများမှအစ မြင်းဇောင်းရှိ အမှုထမ်းအဆုံး ထိုကိစ္စကို တိုးတိုးကြိတ်ကြိတ်ပြောဆိုဆွေးနွေးနေကြလေသည်။

System : ဂုဏ်ယူပါတယ်။ လူကြီးမင်း Grand Point 120 လက်ခံရရှိပါတယ်။

"ဝိုး...Pointတွေကိုတောင် မေ့နေတယ်။ ရလိုက်တဲ့အမှတ်က ကျေနပ်စရာပဲ"

System : ကောင်းမွန်တဲ့ရည်ရွယ်ချက်က တကယ်ကိုစစ်မှန်တာကြောင့်ပါ

System၏စကားဟာ ချွင်းချက်မရှိ မှန်ကန်သည်။ မှိုင်းဟာ သူ၏ယခင်ကမ္ဘာတွင်လည်း ငွေကြေးကုံလုံကြွယ်ဝသူပီပီ လိုအပ်သောနေရာများကို အလှူအတန်းများစွာ ပြုလုပ်ခဲ့ဖူးသည်။ သူ၏အတွင်းရေးမှူး သို့မဟုတ် မိတ်ဆွေတစ်ဦးမှတစ်ဆင့် သိရသော သတင်းများအရ ချို့တဲ့သူများရှိသောနေရာများကို ငွေကြေးဖြစ်စေ၊ အထောက်အကူပစ္စည်းဖြစ်စေ လှူဒါန်း​လေ့ရှိသည်။ သို့သော် မအားလပ်သူတစ်ယောက်ဖြစ်သည့်အတွက် ထိုနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ မသွားရောက်ဖြစ်ပေ။

သူဟာ ငယ်စဥ်ကတည်းက မိုးမျှော်တိုက်များ၊ တန်ဖိုးကြီးအိမ်ရာများ၊ အထက်တန်းလွှာတို့၏ ဂုဏ်ပြုစားပွဲသောက်ပွဲများ၊ ရောင်စုံမီးများအောက်မှ ကခုန်သူများနှင့် Five Starအဆင့် ဝန်ဆောင်မှုအမျိုးမျိုးရှိသည့် လူနေမှုအဆင့်အတန်း၌ ကျင်လည်ခဲ့ရသူဖြစ်သဖြင့် ဆင်းရဲဒုက္ခဆိုသည်ကို စိုးစဥ်းမျှပင် တွေးမပူရဖူးပေ။ ထို့ကြောင့် လွန်စွာအိုမင်းနေပြီဖြစ်သော တော်ဝင်သမားတော်ကြီး၏ ချို့တဲ့မှုများကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရပြီးနောက် သူ၏စိတ်တွင် စာနာသနားမှုများ ဖြစ်တည်လာ၏။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now