Part-61

3.2K 378 8
                                    

Unicode Version

ပြည်တစ်ခွင်မှာ စစ်၏အငွေ့အသက်များ တလူလူလွင့်နေလေပြီ။ အေးချမ်းစွာနေထိုင်ရသောနေ့ရက်များကို စွန့်လွှတ်နေရပြီဖြစ်သော ပြည်သူအချို့၏ဒုက္ခဆင်းရဲများကြောင့် ရှူရှိုက်ရသောလေသည်ပင် ခါးသီးချင်စဖွယ်ကောင်းနေ၏။

လင်းယုန်ငှက်၏အရှိန်အဝါတို့ ခေတ္တမှေးမှိန်ချိန်မှာ မကောင်းသောအငွေ့အသက်များစွာလွှမ်းမိုးနေခြင်းကြောင့် မည်သူမျှစိတ်အေးချမ်းသာစွာမနေနိုင်ပါချေ။ လူတစ်စု၏လောဘတို့ တောက်လောင်သည့် အရှိန်မြင့်လာသည်နှင့်အမျှ ပြည်တစ်ခွင်သည် ပျော်ရွှင်မှုများဆိတ်သုဥ်းလာပြီး သုဿာန်တစပြင်အလား ခြောက်ကပ်နေပေတော့သည်။

အမှောင်ရှိပါက ထိုအမှောင်ကိုခွင်း၍ အလင်းဆောင်မည့်အရာလည်းရှိရသည့်ထုံးစံအတိုင်း လက်ရှိအခြေအနေကိုဖြိုဖျက်ရန် တာဝန်ရှိကြပါသောလူတစ်စုမှာလည်း အောင်နိုင်သောစစ်ကိုသာ နွှဲကြဖို့ဆုံးဖြတ်ထားကြသည်။

အင်အားအရာနှင့် အခြားသောစွမ်းအားအရာတို့၌ နောက်ကောက်ကျနေသောနွန်းတို့သည် မှိုင်း၏ဦးဆောင်မှုဖြင့် တောင်ပိုင်းဒေသကိုသိမ်းသွင်းနိုင်ခဲ့သလို ထိုမှတစ်ဆင့် တောင်ဘက်ပိုင်းဒေသ၏အလွန်မှာ တည်ရှိလေသောနယ်မြေတချို့ကိုပါ သူတို့ဘက်သို့ယိမ်းယိုင်စေခဲ့သည်။

ဤရက်ပိုင်းများအတွင်း၌ သမားတော်ဒီဗာ၏ ကျန်းမာရေးအခြေအနေကလည်း ကယ်ထုတ်လာစဥ်ကထက် ပို၍ကောင်းမွန်လာလေပြီ။ သမားတော်ဒီဗာသည် နွန်းနှင့်နှစ်ကိုယ်ကြားဆွေးနွေးပြီးသည့်နေ့ကတည်းက သူ၏အပြစ်များအတွက် ပြန်ပေးဆပ်ရန်ဟူသည့်အကြောင်းပြချက်ဖြင့် တောင်ပိုင်းဒေသ၏အကြီးအကဲထံမှခွင့်တောင်းကာ လက်နက်ထုတ်လုပ်ရေးဌာန၌ နေ့ရောညပါအချိန်ကုန်ဆုံးလေသည်။

နွန်းနှင့်မှိုင်းတို့ကလည်း အန္တရာယ်တစ်စုံတစ်ရာမဖြစ်မရွေ့ သူ့ကိုလွှတ်ထားပေးသည်။

"အေရှန်း... သမားတော်ဒီဗာရဲ့စကားအရဆိုရင် တစ်ဖက်ကစစ်တပ်ကြီးထဲမှာ ကျိန်စာလက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ King Makerအုပ်စုလည်း ပါလာမှာပဲ။ အဲ့ဒီအတွက် တန်ပြန်အစီအစဥ်ကို ဘယ်လိုချမှတ်မလဲ"

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Unde poveștirile trăiesc. Descoperă acum