Part-41

3.6K 467 10
                                    

Unicode Version

ကြမ်းတမ်းသောခရီးလမ်းကို ပြန်လည်ဖြတ်ကျော်ကာ မြို့တော်ဆီသို့ပြန်ရမည့်လမ်းတွင် နွန်းနှင့်မှိုင်းဟာ ခရီးတစ်ထောက်နားရန် ကြံရွယ်လိုက်ကြသည်။ ခယ်မိုသည် သူ၏အရှင်နှစ်ပါးအနားယူချင်သည်ကိုသိသောအခါ စစ်သည်များနှင့်အစောင့်များကို စခန်းချ၍အဆင်ပြေမည့်မြေနေရာကိုရှာဖွေစေသည်။ ပြီးသည်နှင့် အရှင်နှစ်ပါးအတွက် ယာယီတဲတည်ဆောက်စေသည်။

စစ်သည်များနှင့်အစောင့်များ အလုပ်ရှုပ်နေချိန်တွင် နွန်းနှင့်မှိုင်းတို့သည် ကြီးမားအုပ်ဆိုင်းသောအပင်ကြီးတစ်ပင်၏အရိပ်အောက်၌ ခိုနားရင်း ခေတ္တအနားယူနေကြသည်။

နွန်းသည် ဦးတည်ရာမဲ့စွာ လျှောက်ငေးနေမိရင်း လွန်ခဲ့သည့်ရက်အချို့က တယ်ရာ၏အဘွားဖြစ်သူပြောသွားသောစကားများကို ပြန်လည်ကြားယောင်နေမိသည်။

"အရှင်... တော်ဝင်မျိုးနွယ်တွေက သူမတူတဲ့အစွမ်းတွေနဲ့ လက်နက်တွေကို ပိုင်ဆိုင်ရင်းမွေးဖွားလာတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုတာ သိပါသလား။ ကောင်းကင်ဘုံရဲ့ချီးမြှောက်မှုဆိုတာ လူတိုင်းရနိုင်တာမဟုတ်ပါဘူး။ ပိုင်ဆိုင်ထားတဲ့စွမ်းရည်က ပိုပြောင်မြောက်လေ တာဝန်ယူရမဲ့အမှုကိစ္စတွေကပိုကြီးမားလေပါပဲ။ အခုလည်း သခင်လေးက ကြီးမားတဲ့အမှုကိစ္စတွေကို ကိုင်တွယ်ဖို့ အပြင်လောကကိုထွက်ချင်တယ်ဆိုတာက အန္တရာယ်နိမိတ်မဟုတ်ပါဘူး အရှင်။ ဒါက တာဝန်သိစိတ်ရှိလာတဲ့အဓိပ္ပါယ်ပါ"

အရည်အချင်းရှိသူကို မပိတ်လှောင်ထားသင့်ဟုအဓိပ္ပါယ်ရသည့် ထိုစကားများကြောင့် နွန်းမှာ ဤရက်ပိုင်းအတွင်း စိတ်ချလက်ချမနေနိုင်ဘဲ အချိန်တိုင်းလိုလိုစိတ်ထင့်နေရသည်။ သူသည် မှိုင်းကို နှစ်အတော်ကြာသည်အထိ အပြင်လောကကိုမထိတွေ့စေဘဲ ရဲတိုက်ထဲတွင်သာ ပိတ်လှောင်ခဲ့မိသည်။ ထိုကောင်လေးအား သိသင့်သည်များသင်ကြားပေးတော့မည်ဟု စိတ်ဆုံးဖြတ်လိုက်သည့်အချိန်မှစပြီး မှိုင်း၏အရည်အချင်းနှင့်အတွေးအခေါ်များ ပိုထက်မြက်လာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံရသောအခါတွင် လွန်ခဲ့သည့်နှစ်များက သူ့လုပ်ရပ်များအတွက် စိတ်မကောင်းဖြစ်ရပြန်သည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now