Unicode Version
"ထောင့်စွန်းတိုင်းမှာရှိတဲ့မြှားတွေက..."
စာလွှာ၏ထောင့်လေးထောင့်တိုင်းမှာ မြှားတစ်ခုစီရှိနေလေရာ မှိုင်းလည်း အလိုလိုသိစိတ်အရ ထိုထောင့်စွန်းများကို အချိုးညီညီခေါက်ချလိုက်သည်။
စာရွက်၏ဘယ်ဘက်အခြမ်းကိုခေါက်လိုက်ချိန်မှာ မြှားလေးခုစလုံးဟာ တစ်စုတစ်စည်းတည်းဖြစ်သွားပြီး အောက်ခံပေါ်ရှိအနုတ်လက္ခဏာတစ်ခုကိုညွှန်ပြနေတော့သည်။ စာရွက်၏ထောင့်စွန်းလေးဘက်သည်ကား ကိန်းဂဏန်းလေးခုအား ညွှန်ပြနေလေရာ အစဥ်လိုက်အတိုင်း နှုတ်သွားရန်သာလိုပေသည်။
"ကိုးဆယ့်ငါး.. နှစ်ဆယ်.. ငါး.. သုံးဆယ့်ခုနစ်။ အဲ့ဒါတွေကို တစ်ဆင့်ချင်းနှုတ်သွားမယ်ဆိုရင်.. ခုနစ်ဆယ့်ငါးရတယ်။ အဲ့တော့ ဟိုဘက်စာမျက်နှာကိုလည်း အဲ့လိုပဲခေါက်လိုက်တော့..."
တူညီသောနည်းလမ်းအတိုင်း တစ်ဖက်ရှိစာမျက်နှာကိုလည်း ခေါက်ကြည့်လိုက်ရာ တူညီသောအဖြေထွက်လာသည်ကိုမြင်လိုက်ရသည်။
"ဒီမှာကတော့ ပေါင်းရမှာ။ နှစ်ဆယ့်ခုနစ်..ဆယ့်ရှစ်..သုံးဆယ့်ကိုး..လေးဆယ့်နှစ်..အားလုံးကိုပေါင်းတော့ ၁၂၆ရတယ်။ ဟုတ်ပြီ ဒီတော့ လျှို့ဝှက်နံပါတ်က ၇၅၁၂၆.."
ဝမ်းသာအားရဖြင့် သတိလက်လွတ်ဖြစ်ကာ ခန္ဓာကိုယ်တစ်ဝက်မျှထွက်နေပြီဖြစ်သော အလောင်းကောင်ရှိရာကို ပြေးဝင်မိမတတ်ဖြစ်သွားလေရာ မှိုင်းခမျာ အလန့်ကြီးလန့်သွားရသေးသည်။ အလောင်းကောင်ကလည်း မမှီမကမ်းဖြင့် သူ့ခြေထောက်ကိုလှမ်းဆွဲနေပြန်ရာ သူ့မှာ အတင်းရုန်းကန်၍ ဂိတ်တံခါးဆီီကိုပြေးရသည်။
လျှို့ဝှက်နံပါတ်ကိုအလျင်အမြန်ရိုက်ထည့်ပြီးချိန်မှာ အနောက်နားရှိ အလောင်းကောင်တို့ကလည်း သူရှိရာကို ဆာလောင်မွတ်သိပ်စွာမြည်တမ်းရင်း ပြေးလာနေကြလေသည်။
ကြီးမားလှသောဂိတ်တံခါးကြီးဟာ ဖြည်းဖြည်းချင်းပွင့်ဟလာပြီးနောက် လူတစ်ကိုယ်စာဝင်နိုင်သောအနေအထားကိုရောက်သည်နှင့် မှိုင်းလည်း တုံ့ဆိုင်းမနေဘဲ အထဲကိုပြေးဝင်လိုက်သည်။ အနောက်နားရှိအလောင်းကောင်ကြီးများမှာ ဇွဲမလျှော့ဘဲ ပြေးလာနေဆဲသာ။
VOUS LISEZ
Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)
Fantasyနွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမနေဘူးလား သွားစမ်း!!!! အား!!! System!! ငါ့အမှတ်တွေကမပြည့်နိုင်သေးဘူးလား!!!!!" နွန်း : "ဘယ်လိုလဲ ရင်ထဲ...