Part-25

4.9K 611 27
                                    

Unicode Version

ဝှက်စာသည် ထင်ထားသလောက် မခက်ခဲလှသော်လည်း ဤကမ္ဘာ၏သမိုင်းကြောင်းများနှင့် စာပေအယူအဆများကို မရင်းနှီးသေးသော မှိုင်းအတွက် သာမန်ထက်ပို၍အချိန်ယူနေရလေသည်။ ဝှက်စာထဲတွင် ပါသည့်စကားစုအများစုကို ဖော်ထုတ်နိုင်ပြီဖြစ်သဖြင့် မှိုင်းသည် ဝှက်စာဖြေရှင်းရေးကိစ္စ၌ ပို၍စိတ်တက်ကြွလျက်ရှိသည်။

သို့သော်ငြား ယခုလက်ရှိ သူ၏ပုံစံကို အားမလိုအားမရဖြစ်မိသည်။ ကိုယ်ရေးကိုယ်တာခံစားချက်များ၌ နစ်မြောကာ လုပ်ငန်းဆောင်တာများကို နှောင့်နှေးစေမိသလို ခံစားနေရသည်။ သူ၏ missionသည် ယခုထိ ကောင်းစွာရုပ်လုံးမပေါ်သေးပေ။ လိုအပ်သောPointများသည်လည်း စုဆောင်းသင့်သလောက် မစုဆောင်းနိုင်သေးချေ။

"ဝှက်စာကိစ္စဖြေရှင်းပြီးတာနဲ့ Classic Pointဘက်ကို လှည့်ရမယ်"

ရဲတိုက်ထဲရှိကိစ္စအဝဝသည် ရောက်ခါစကနှင့်မတူဘဲ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေလေသည်။ သွေးနှောသန္ဓေသားနှင့် King Makerတို့၏ အရှုပ်အထွေးများအပြင် အတွင်းစည်းဘက်မှ လူများအကြားတွင်လည်း မကောင်းသောဆက်နွှယ်မှုတချို့ရှိနေလိမ့်မည်ဟု မှိုင်းကခန့်မှန်းထားသည်။

မနေ့ကညီလာခံသဘင်၌ မှိုင်းသည် အမတ်များနှင့် မြို့စား၊နယ်စားများကို သေချာအကဲခတ်ကြည့်မိစဥ်က ထူးခြားမှုတစ်ခုကို သတိထားမိလိုက်သည်။ ​အကြံပေးအရာရှိများထဲမှ ရာထူးအကြီးဆုံးဖြစ်သော အရာရှိတစ်ဦးသည် ညီလာခံသဘင်တစ်လျှောက်လုံး၌ မှိုင်းကို စူးစမ်းသောအကြည့်များနှင့် အကဲခတ်နေပေသည်။

မှိုင်း၏မှတ်ဉာဏ်ထဲရှိ အချက်အလက်များသည် ထိုသူမှာ မြောက်ပိုင်းရှိ တာအီပြည်နယ်၏ မြို့စားနှင့် ယောက်ဖတော်သူဖြစ်နေသည်။ ပို၍ထူးဆန်းသည့်အချက်မှာ ယခုတစ်ခေါက် ကျိန်စာပစ္စည်းနှင့်ပတ်သက်၍ ဒီဗဲလ်ရာ ခရီးထွက်သွားရသည့် နေရာမှာလည်း တာအီပြည်နယ်ဘက်သို့ ဖြစ်နေသည်သာ။

နောက်တစ်ချက်မှာ ဤလူသည် မှိုင်း ငယ်စဥ်က ရဲတိုက်ထဲ၌ အကျယ်ချုပ်ကျစေရန် ဦးဆောင်ခဲ့သူတို့အနက်မှ တစ်ဦးဖြစ်သည်။ ဤကိစ္စကို နွန်း မသိပေ။ ငယ်စဥ်က မှိုင်းသည် တင်းကြပ်သောစည်းမျဥ်းများနှင့် အမိန့်များအောက်တွင် မနေလိုသဖြင့် ကလေးသဘာဝအတိုင်း အရွဲ့တိုက်ကာ ရဲတိုက်ထဲတွင် တားမြစ်ထားသော နတ်သမီးထောင်ချောက်ပင်များကို တရားမဝင်သယ်ယူခဲ့သည်။ ထိုအချိန်က ထိုကဲ့သို့သောလုပ်ရပ်သည် သူ့အားမည်မျှထိ ထိခိုက်စေနိုင်မည်ကိုလည်း မစဥ်းစားနိုင်ခဲ့ဘဲ အရွဲ့တိုက်ကာ လုပ်ခဲ့မိသော်လည်း အဆုံး၌ သူသည် ရဲတိုက်ထဲ၌သာ ပိတ်မိနေတော့သည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now