Part-42

3.7K 448 7
                                    

Unicode Version

ရဲတိုက်ကိုပြန်မဝင်ခင်မှာပင် မှိုင်း၏ကိစ္စအဝဝကို နွန်းက တာဝန်ယူပြင်ဆင်ပေးခဲ့ပြီး မှိုင်းရွေးချယ်ထားသည့်အိမ်တော်တွင် အစောင့်များနှင့်စစ်သည်များကို သေချာနေရာချပေးခဲ့သည်။ ဖလွန်ဇာကိုလည်း တိတ်တဆိတ်ဆင့်ခေါ်၍ မှိုင်းကိုစောင့်ရှောက်ရန် အဆင့်မြင့်ဓားသမားတချို့ကိုလည်း ရှာဖွေစေသည်။

အားလုံးပြီးစီးသည်နှင့် မှိုင်းက ရဲတိုက်ထဲရှိအမှုကိစ္စများလစ်ဟင်းမည်စိုး၍ နွန်းကိုနှင်ပါတော့သည်။ နွန်းမှာတော့ သွားရမည့်အရေးကိုနောက်ဆံတင်းနေရသည်မှာ တစ်ကြိမ်တစ်ခါမျှပင်မကြုံဖူးသည်ဖြစ်ရာ ယခုလိုအဖြစ်မျိုးက သူ့အတွက် စိမ်းသက်နေရသည်။ မှိုင်းကမူ သူနှင့်မတူဘဲ အေးဆေးတည်ငြိမ်နေသဖြင့် သူ့မှာ ပို၍ရင်မောရသည်။

အတိတ်တုန်းက သူ၏လုပ်ရပ်များကြောင့် မှိုင်းသည် သူ့အပေါ်အချစ်လျော့နေလေပြီဖြစ်ကြောင်း သတိပြုမိခဲ့သော်လည်း ယခုလောက်ထိ ဆိုးဝါးနေလေမှန်း မသိခဲ့ရိုးအမှန်ပင်။ မှိုင်း၏စိတ်အာရုံ သူ့အပေါ် ပြန်လည်တိမ်းညွတ်လာစေရန် မည်သို့နှယ်ကြိုးပမ်းရမည်ကို တွေးမိတိုင်းလည်း ရင်မောရပြန်သည်။ ဖြစ်နိုင်လျှင် ယခုချက်ချင်းသာ သူ၏စိတ်ရင်းကိုပြသလိုက်ချင်သော်ငြား အချိန်အခါကောင်းမဟုတ်သေးပေ။

သူ၏ခံစားချက်များကို အလျင်စလိုထုတ်ပြမိလိုက်လျှင် ပေါ့တီးပေါ့ပြက်နိုင်သွားပြီး မှိုင်းလည်း ယုံကြည်လိမ့်မည်မဟုတ်။ ဤကိစ္စမျိုးသည် ဖြည်းဖြည်းချင်းသာသွားရမည်။ လက်ရှိမှာတော့ မှိုင်းသည် သူ၏ခံစားချက်တချို့ကို ရိပ်မိကောင်းရိပ်မိနေလောက်ပေပြီ။ နောက်များမှာလည်း အပြုအမူများနှင့်သာ သူ၏ခံစားချက်ကို ထုတ်ဖော်မည်။ အလျင်စလိုပြုမူတိုင်းလည်း ကိစ္စတိုင်းအဆင်ပြေနိုင်သည်မဟုတ်။

ထို့ပြင် ဖြေရှင်းရမည့်ကိစ္စများမှာလည်း တောင်လိုပုံနေ၏။ ပြဿနာများပြီးဆုံးပြီး အားလုံးအေးချမ်းသွားသည့်တစ်နေ့မှသာ သူခံစားရသမျှကို မှိုင်းအားထုတ်ပြောကာ စိတ်ရင်းအမှန်ကိုလှစ်ဟပြတော့မည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now