Part-78 (Return to real life)

3.3K 387 5
                                    

Unicode Version

နာကျင်ကိုက်ခဲမှုတို့နှင့်အတူ နောက်တစ်ကြိမ် သူပြန်သတိရလာချိန်မှာတော့ သူဟာ ဆေးရုံပေါ်မှာရှိနေသည်။

သူ့နံဘေး၌လည်း ညင်သာစွာရှူရှိုက်လေသောအသက်ရှူသံခပ်မျှင်းမျှင်းလေးတစ်ခု ရှိနေပြန်သည်။ ညင်သာလွန်းနေသဖြင့် ထိုလူအိပ်မောကျနေလေကြောင်း မှိုင်းသိလိုက်သည်။

မသိစိတ်ကတော့ သူ့နံဘေးမှာ မည်သူရှိနေလေကြောင်း အာရုံခံစားမိသော်လည်း သိစိတ်အရတော့ ထိုလူဟာ ယခုလိုအချိန်တွင် သူ့အနားမှာရှိနေနိုင်ခြင်းကို ယုံကြည်၍မရပေ။ အကြောင်းမှာ သူတို့ဟာ မှိုင်းအက်စီးဒင့်မဖြစ်ခင်အချိန်အထိ ပြိုင်ဘက်များဖြစ်ခဲ့ကြ၍ပင်။

ခေါင်းကိုအနည်းငယ်ယိမ်းကာ ကုတင်တစ်ဖက်ခြမ်းတွင် ခေါင်းမှီ၍အိပ်မောကျနေပါသောအမျိုးသားကို ငဲ့ကြည့်မိသည်။ ကမ္ဘာပေါင်းစုံကိုကျော်ဖြတ်ကာ ထိုသူ၏အသွင်အပြင်ပေါင်းစုံကို မြင်ဖူးခဲ့ပြီဖြစ်သဖြင့် ခေါင်းမှောက်ကာအိပ်နေပါသော ထိုအမျိုးသား၏နောက်စေ့ကိုမြင်ရုံမျှဖြင့် သူမှတ်မိနိုင်သည်။

သူ့နံဘေးမှာ မသက်မသာအနေအထားဖြင့် အိပ်မောကျနေသူဟာ အမှန်တကယ်ပင် ထိုလူသားဖြစ်နေပေသည်။ ထို့ပြင် အိပ်နေရင်းဖြင့် သူ့လက်တစ်ဖက်ကိုလည်း တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသေးသည်။

ဤအခိုက်အတန့်လေးမှာ သူ့ရင်ထဲ၌ ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်သွားသော်ငြား မရေရာမှုတချို့ကလည်း ထွက်ပေါ်လာပြန်သည်။

သူတို့က သည်မတိုင်ခင်ကအထိ တစ်ယောက်ကိုတစ်ယောက် ပြိုင်ဘက်ဟု သတ်မှတ်ထားကြသည်မဟုတ်လား။ သို့ဖြစ်ရာ ယခုအနေအထားသည် တစ်စုံတစ်ခုလွဲမှားနေပေသည်။

မူလကမ္ဘာနှင့် တစ်ထပ်တည်းတူညီသော နောက်ကမ္ဘာတစ်ခုကိုများ ရောက်လာလေသလား...။

"မင်း သတိရလာပြီပဲ။ မင်းခြေထောက်က အဆင်ပြေရဲ့လား။ အရမ်းနာနေလား"

တစ်ကိုယ်တည်းအာရုံထွေပြားနေခိုက် အိပ်မောကျနေသူပင် နိုးလာသည်။ ထိုသူသည် အိပ်ရေးဝဝလင်လင်မအိပ်ထားရပုံရကာ သူ၏မျက်လုံးနှစ်ဖက်စလုံးဟာ နီရဲနေချေပြီ။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now