Part-67

3.2K 421 17
                                    

Unicode Version

မှိုင်းဟာ သူလိုအပ်လောက်မည့်ပစ္စည်းမျိုးစုံနှင့် လက်ကျန်စားစရာအချို့ကို ကျောပိုးအိတ်ထဲကိုစနစ်တကျထည့်ခဲ့ပြီး ပြတင်းတံခါးကိုကျော်ခွလိုက်သည်။

မနေနိုင်မထိုင်နိုင်စွာ အောက်ကိုငုံ့ကြည့်မိ​လေတော့ မူးဝေသွားစေနိုင်သည့်အမြင့်က သူ့ကိုအနည်းငယ်ကြောက်ရွံ့မိစေသည်။ လျှောက်လမ်းဘက်ကထွက်လျှင် စွန့်စားလွန်းရာကျမည်စိုး၍ ယခုလိုအဆောက်အဦးနံရံကို တွယ်ကပ်ရင်း တစ်ဖက်အခန်းကိုကူးရခြင်းကလည်း သိပ်တော့မလွယ်လှ။

ခြေလျှောက်ဖို့ တစ်လက်မပင်မပြည့်သည့် အဆောက်အဦးနံရံရှိလျှောက်တန်းသေးသေးလေးကို ထိထိမိမိနင်းရင်း တစ်ဖက်အခန်း၏ပြတင်းပေါက်နားကို ချဥ်းကပ်လိုက်သည်။ ထိုအခန်းသည် မတိုင်ခင်က သူ၏ဒရုန်းကိုတိုက်ခိုက်ကြသော Zombieများရှိရာအခန်းပင်။

ပြတင်းတံခါးကလည်း ပွင့်ဟနေဆဲဖြစ်ရာ အခန်းအတွင်းမှ Zombieများ အချိန်မရွေးခုန်ထွက်လာနိုင်သည်။ ပြတင်းပေါက်ဟာ Sliding Windowဖြစ်တာကြောင့် မှိုင်းလည်း အချိန်ဆွဲမနေအားဘဲ ပွင့်ဟနေသောမှန်ပြတင်းချပ်ကို ခြေတစ်ဖက်ဖြင့်ကန်ကာ စေ့ပိတ်လိုက်သည်။

ကျယ်လောင်သွားသောအသံကြောင့်ထင့်။ ပြတင်းတံခါးနားကို ဝရုန်းသုန်းကားပြေးထွက်လာသောအသံများနှင့်အတူ ပိတ်ကျသွားသော မှန်ပြတင်း၏တစ်ဖက်မှာ Zombieတစ်ကောင်ပေါ်ထွက်လာလေသည်။

"အား..ဒီလောက်အနီးကပ်ကြီး"

ယခုလက်ရှိအနေအထားမှာ မှန်ပြတင်း၏အပြင်ဘက်တွင် မှိုင်းက ပြတင်းပေါင်ဘောင်ကိုအားပြုပြီး ဆွဲကိုင်ထားရင်း တစ်ဖက်အခန်းကို ကူးနေရချိန်မှာ မှန်ပြတင်း၏အတွင်းဘက်တွင် သူ့ကိုသွေးသံတရဲရဲမျက်လုံးကြီးများဖြင့် ဆာလောင်မွတ်သိပ်စွာစိုက်ကြည့်ရင်း မှန်ပြတင်းကိုတဘုန်းဘုန်းရိုက်ထုကာ ဟိန်းဟောက်နေပါသောZombieတစ်ကောင်ရှိနေ၏။

မှန်ပြတင်းခံနေ၍ အန္တရာယ်မရှိသေးသော်လည်း အခြေအနေက ရင်ထိတ်ချင်စဖွယ်..။

မှိုင်းမှာ အကြောက်ကြောက်အလန့်လန့်ဖြင့်ပင် ထိုပြတင်းတံခါးနားမှ အမြန်ခွါခဲ့ရသည်။ သေးသွယ်ကျဥ်းမြောင်းလွန်းမကကျဥ်းမြောင်းသော ခြေချစရာနေရာလေးကို ကုပ်တွယ်ရင်း ဘဝင်ခိုက်စေရှိသည့်အခန်းအထိ အသည်းတယားယားကူးဖြတ်ရာလမ်းတွင် ခြေချော်၍ပြုတ်ကျမတတ်ဖြစ်ရသည်မှာလည်း အခါခါ...။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now