Part-52

3K 424 7
                                    

Unicode Version

မတိုင်မီကအထိ တိတ်ဆိတ်အေးချမ်းနေခဲ့သော နေရာလေးသည် ခဏအတွင်း တိုက်ခိုက်သံများနှင့် အော်ဟစ်ညည်းညူသံများကြောင့် ဆူညံသွားရတော့သည်။ အဆောင်တော်အတွင်းမှာလည်း ကျိန်စာမျိုးစုံပျံ့လွင့်နေပြီး နွန်းနှင့်မှိုင်းတို့က မှော်ဝင်လက်နက်ကိုယ်စီကိုင်ကာ ထိုကျိန်စာများကို ဖယ်ရှားနေရသည်။

နွန်းသည် မှိုင်းကိုအပြတ်ရှင်းပစ်ရန် ကြံစည်နေသော သူ့အမေ၏ခြေလှမ်းကိုဖမ်းကာ မှိုင်းအရှေ့မှပိတ်ကာရင်း ခုခံပေးသည်။ ထို့ပြင် တစ်ဖက်ကလည်း သူ့အမေ၏အသွင်ကိုယူထားသော သွေးနှောသန္ဓေသားကိုပါ ခုခံတားဆီးနေသည်။ နှစ်ယောက်တစ်ယောက်ယှဥ်နေရသော်လည်း နွန်းမှာ အရေးနိမ့်နေသည့်အရိပ်အယောင်မရှိ။မီယာကလည်း မှိုင်း၏တိုက်ခိုက်မှုအောက်တွင် ခုခံနေရသဖြင့် သခင်မကြီးတို့ကို အကူအညီမပေးနိုင်ဖြစ်နေရရှာသည်။

"အရှင်.."

ဖလွန်ဇာတစ်ယောက် လက်နက်ကိုကိုင်စွဲကာ ခန်းမဆောင်ထဲသို့ ဝင်လာသည့်အချိန်မှာ အတွင်းဘက်ရှိပရိဘောဝပစ္စည်းများသည် တိုက်ခိုက်မှုအကြားမှာ မွစာ​ကြဲနေပြီး နံရံတို့မှာလည်း ကျိန်စာများထိမှန်ခံရခြင်းကြောင့် ညစ်ပေစုတ်ပြတ်ကာ ပျက်စီးလုနီးပါးပင်။

ဖလွန်ဇာသည် နွန်းတို့သားအမိနှစ်ယောက် အချင်းချင်းတိုက်ခိုက်နေကြသည်ကို မြင်သောအခါ ဘာဆက်လုပ်ရမှန်းမသိအောင် ကြောင်အသွားသည်။ သို့သော် အခြေအနေအရ သူသည် အရှင်သခင်၏အမိန့်ကိုသာ ထမ်းဆောင်ရမည်ဖြစ်ရာ နှစ်ယောက်တစ်ယောက်ယှဥ်နေရသော နွန်းဆီကိုသွားကာ ဝင်ရောက်ကူညီပေးသည်။

"ငါ့ဆီမလာနဲ့။ မှိုင်းဆီကိုသွား"

အန္တရာယ်ကြားမှာပင် မှိုင်းအတွက်စိုးရိမ်ပေးနေသောစိတ်မှာ လေးစားချင်စဖွယ်ကောင်း၏။

"ငါကရတယ်။ အဲ့ဒီမှာနေ"

မှိုင်းကလည်း သူအဆင်ပြေကြောင်းပြောကာ ဖလွန်ဇာကို နွန်းအားကူညီနေစေပြန်သည်။ ကြားထဲကဖလွန်ဇာခမျာ ဘယ်အမိန့်ကိုနာခံရမှန်းမသိဘဲ ဗျာများနေရာမှ နောက်ဆုံး သူ့ဆီသို့အာရုံပြောင်းလာသော အယောင်ဆောင်သခင်မကြီးကိုသာ ပြန်လည်ခုခံနေရသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Tempat cerita menjadi hidup. Temukan sekarang