Part-1

39.8K 1.8K 239
                                    

Unicode Version

ခန္ဓာကိုယ်ထက်ကထူးဆန်းသောခံစားချက်နှင့်အတူ မှိုင်းတစ်ယောက် နိုးထလာခဲ့သည်။ ကမ္ဘာမြေဆွဲအားနှင့်ဆန့်ကျင်နေသည့် အံ့သြဖွယ်နေရာတစ်ခုကိုရောက်နေသကဲ့သို့တစ်ကိုယ်လုံးဟာ ယုံနိုင်ဖွယ်ရာမရှိအောင်ပေါ့ပါးလွန်းနေသည်။ မှိုင်းကမူ ယခုထိအိပ်မက်ကမ္ဘာထဲတွင်ရှိနေဆဲဟု ယုံကြည်နေဆဲပင်။ ထို့ကြောင့်မျက်လုံးဖွင့်လိုက်သည်နှင့်အတုအယောင်ခံစားချက်အားလုံးကွယ်ပျောက်သွားမည်ဟု တွေးထင်နေသည်။

"ထူးဆန်းလိုက်တဲ့အိပ်မက်ကွာ"

အညောင်းအညာဖြေရန်လက်နှစ်ဖက်ကိုဘေးသို့ဆန့်တန်းကာ ဖြေလျှော့ပြီးမျက်လုံးအစုံကိုဖွင့်မိသည့်အခါပထမဆုံး မြင်လိုက်ရသည်က အဆုံးမဲ့ဟင်းလင်းပြင်ကြီးတစ်ခု..။

ကြယ်တာရာများကဲ့သို့တဖိတ်ဖိတ်လက်နေသည့်အဖြူရောင် မှိတ်တုတ်မှိတ်တုတ်အရာလေးများကြောင့်သာ ပတ်ဝန်းကျင်ကို မြင်နေရခြင်းပင်။ ကြယ်တာရာအစုအတန်းများဆီသို့ ရောက်နေသလိုခံစားရသည်ဖြစ်ရာ မှိုင်းလည်း ပါးစပ်အဟောင်းသားဖြင့်ကြောင်အနေခိုက် သူ၏နားထဲတွင် ပီခနဲ ခပ်ပြတ်ပြတ်အသံတစ်ခုကြားလိုက်ရသည်။

ထိတ်ထိတ်လန့်လန့်နှင့်လှဲနေရာမှကုန်းထကာဘေးဘီဝဲယာကို အကဲခတ်မိလေသောအခါ အကောင်အထည်ဖော်၍ရသည့် အရာတစ်ခုမျှရှိမနေဘဲ အထက်အောက်ဘေးဘီဝဲယာဟာ အားလုံးဟင်းလင်းပြင်ကြီးသာဖြစ်၍နေသည်။ သူ မတ်တပ်ရပ်နေသည်မှာလည်းကြမ်းခင်းမရှိ၊အထောက်အကူမရှိသည့် ဟင်းလင်းပြင်ကြီးပါပင်။

ရုတ်တရက်လန့်ဖြန့်သွားရသည်ဖြစ်သဖြင့်​ ဒူးတဆတ်ဆတ်တုန်နေသည့်ကြားက ခြေဖျားကိုလည်းထောက်ထားမိသေးသည်။ မှိုင်း၏ပုံစံမှာ ယခုချက်ချင်းပင်အတောင်ပံပေါက်ကာ ပျံသန်းသွားလိုက်ချင်သည်နှင့်ပင်တူလှသည်။

"Systemနဲ့ချိတ်ဆက်မှုရာနှုန်းပြည့်အောင်မြင်သွားပါပြီ"

ရုတ်တရက်ကြားလိုက်ရသည့်စက်ရုပ်ဆန်ဆန်အသံတစ်ခုကြောင့် မှိုင်းမှာလိပ်ပြာလွင့်သွားမတတ်ပင်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Tahanan ng mga kuwento. Tumuklas ngayon