Part-69

3.1K 397 10
                                    

Unicode Version

လက်ရှိခံစားချက်ကို ညွှန်းရမည်ဆိုလျှင် မျှော်လင့်ချက်တစ်ခုနှင့် ခြေကုန်လက်ပန်းကျမှုတို့ ယှဉ်တွဲကာ ခံစားနေရသည်ဟုသာ ပြောနိုင်တော့သည်။ သူတို့တွင် အရောက်သွားရမည့် ပန်းတိုင်တစ်ခုရှိနေလေပြီ။ သို့သော် ထိုပန်းတိုင်ကို အရောက်လှမ်းရမည့်ခရီးကတော့ ဝေးကွာလွန်းပြီး ခက်ခဲကြမ်းတမ်းလှသည်။

Zombieများကို လက်နက်အပြည့်အစုံနှင့်ရင်ဆိုင်နေရသော်ငြား သူတို့ဟာ ကျွမ်းကျင်သူများမဟုတ်သည့်အတွက် အစပိုင်းမှာ အနည်းငယ်အခက်တွေ့ခဲ့သည်။ နောက်ပိုင်းမှာ တဖြည်းဖြည်းအသားကျလာသော်လည်း သွေးဆာရက်စက်လေသော zombieအုပ်စုကြီးကို လက်နက်တစ်ခုတည်းနှင့် ရင်ဆိုင်မည်ဆိုပါက ထိုလုပ်ရပ်မှာ ရူးမိုက်လွန်းရာကျသည်။ မှိုင်း၏ဗဟုသုတအရ zombieများသည် မီးကိုကြောက်ကြသည်ဟုသိရသဖြင့် ခုခံကာကွယ်ရန် molotovများကိုအသုံးပြုခဲ့သလို zombie အုပ်စုလိုက်ကြီးအဝိုင်းခံရချိန်မှာ မီးခိုးဗုံးကိုသုံး၍ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသည်။

လမ်းမှာ စက်နှိုး၍ရသောကားကို အခွင့်သင့်သလိုတွေ့ခဲ့လျှင်လည်း ဆီမကုန်မချင်း မောင်းနှင်ခဲ့ကြသေးသည်။ ထိုအထိ အဆင်ပြေသေးသည်ဟု ဆိုနိုင်သော်ငြား ပါလာသည့်စားစရာနှင့်ရေပြတ်လပ်သွားချိန်မှာတော့ သူတို့အတွက် အခက်အခဲဖြစ်ရတော့သည်။ ပုန်းအောင်းရင်း ထွက်ပြေးကြရင်းဖြင့် ခရီး၏သုံးပုံတစ်ပုံအထိ ရောက်လာချိန်မှာ အစာပြတ်လပ်မှုဒဏ်က မခံစားနိုင်သည်အထိ ဖြစ်ကြတော့သည်။

"ငါ ဟိုနားကစူပါမားကတ်ထဲကိုသွားမလို့"

မှောင်မိုက်ပြီး အနံ့အသက်ဆိုးဝါးလွန်းလှသည့်အခန်းကျဥ်းထဲမှာ ဘဝင်ခိုက်စေ၏ အထိတ်တလန့်ရေရွတ်သံများ ညံစီလာသည်။

ယခုလိုသာဆက်သွားလျှင် နှစ်ယောက်သားအစာပြတ်လပ်ပြီး ကိစ္စချောရတော့မည်မှာ အနှေးနှင့်အမြန်သာ...။ အစားအစာများက မျက်စိရှေ့မှာရှိနေပါလျက်နှင့် အန္တရာယ်တောအလယ်မှာရောက်နေကြသည်မို့ မြင်သာမြင်ရ၊မကြင်ရသည့်ဘဝကို ရောက်မှန်းမသိရောက်နေကြရသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now