Part-34

4.1K 505 17
                                    

Unicode Version

တာအီပြည်နယ်၏ လျှို့ဝှက်ခန်းမဆောင်တစ်ခုတွင် တာအီမြို့စားသည် အမျိုးသမီးတစ်ဦးနှင့် အပူတပြင်းတိုင်ပင်ဆွေးနွေးလျက်ရှိသည်။ အမျိုးသမီး၏အမူအရာသည်ခန့်မှန်းရခက်စွာတည်ငြိမ်နေသော်ငြား တာအီမြို့စားကတော့ ပျာယာခတ်နေလေ၏။ သူသည် လွန်စွာတုန်လှုပ်နေရပြီး သူ၏စိတ်လှုပ်ရှားမှုကိုလည်း မထိန်းသိမ်းနိုင်ဘဲ ခန်းမဆောင်အတွင်း၌ အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက်နှင့် မတည်မငြိမ်ဖြစ်နေလေ၏။

"ဒါက ဘယ်လိုဖြစ်ရတာလဲ။ ကျုပ်အမေရဲ့လည်ဆွဲက ဘာလို့ ခင်ဗျားဆီမှာပါ ရှိနေရတာလဲ ”

မြို့စားသည် သူကိုယ်တိုင်ပင်မသိခဲ့သည့် လည်ဆွဲနှစ်ခု၏ ရာဇဝင်ကို မထင်မှတ်ဘဲ သိလိုက်ရသဖြင့် အံ့သြခဲ့ရရုံသာမက နောက်လည်ဆွဲ၏ပိုင်ရှင်သည် သူ့အားကူညီထောက်ပံ့ပေးနေသူတစ်ယောက်ဖြစ်သည်ဟု သိရသောအခါ ပို၍ပင် အံ့သြတုန်လှုပ်ခဲ့ရသည်။ အကယ်၍ အရှင်နွန်းသာ သူတို့ နှစ်ဦး၏ပတ်သက်ဆက်နွယ်မှုကို သိသွားခဲ့လျှင်ဟူသောအတွေးကြောင့် ပိုချောက်ချားခဲ့ရသည်။

“အဲ့ဒါကိုအသာထားလိုက်။ သူ အကုန် သိသွားပြီလား"

မိန်းမတစ်ဦးဆိုသော်ငြား စိုးမိုးနိုင်သည့်အရှိန်အဝါနှင့် သြဇာညောင်းသောလေသံတို့ကြောင့် သူ(မ)၏ဖြစ်တည်မှုကို ဘယ်သူကမှ လျှော့မတွက်ရဲ။ မီးခိုးရောင်ဝတ်စုံကို တောက်ပသောအဆင်တန်ဆာများနှင့် တွဲဖက်ဝတ်ဆင်ကာ ကျော့ကျော့မော့မော့ ထိုင်နေပါသော ထိုအမျိုးသမီးသည် အထက်တန်းလွှာမှဆင်းသက်လာသည်ဟု ဖော်ထုတ်နေစရာမလိုဘဲ သိသာလွန်းသည်။

"အားလုံးတော့မဟုတ်ဘူး။ ဒါပေမယ့် လည်ဆွဲပိုင်ရှင်က အရင်တုန်းက တာအီပြည်နယ်ရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ရှေ့ဖြစ်ဟောဆရာမတစ်ယောက်ဆိုတာအထိ သိသွားပြီ"

တာအီမြို့စားသည် အားမလိုအားမရဟန်နှင့် သု(မ)အား အပြစ်တင်၏။ ကိစ္စများသည် သူ့အရှေ့မှာပင် နားလည်ရခက်စွာဖြစ်ပျက်ခဲ့သော်ငြား အသေးစိတ်ကိုရှင်းပြပေးရန်လည်း သူ(မ)ကို အလျင်စလိုမတောင်းဆိုဝံ့ပြန်ချေ။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now