Part-68

3K 415 16
                                    

Unicode Version

မျက်နှာချင်းဆိုင်ရင်ဆိုင်ကြဖို့ထက် တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ်သာ သွားကြဖို့ သူတို့မျှော်လင့်ခဲ့သည့်တိုင် ပုရွက်ဆိတ်အုံမှ ပုရွက်ဆိတ်နှယ် စုဝေးများပြားလှသော zombieများနှင့်ကြုံရချိန်မှာ ကြောက်စိတ်နှင့်လွတ်မြောက်လိုစိတ်တို့ လွန်ဆွဲကြလေ၏။

ကြောက်ရွံ့စိတ်က စိတ်အစဉ်ကို နွမ်းလျညှိုးငယ်စေသော်ငြား နှလုံးသား၏အနက်ရှိုင်းဆုံးတစ်နေရာစီမှာ သိုလှောင်ထားသည့် စိတ်အစဉ်တစ်မျိုးသည်လည်း ဤအခိုက်အတန့်မှာ အလျှံတငြီးငြီးတောက်လောင်လာလေသည်။ မိမိကာကွယ်ပေးရမည့် တစ်စုံတစ်ယောက်အတွက် ဤအန္တရာယ်တို့ကို ကျော်လွှားနိုင်ရမည်ဟူသော ယုံကြည်မှု...။

ကြောက်ရွံ့စိတ်နှင့် လွတ်မြောက်လိုစိတ်တို့ လွန်ဆွဲနေခိုက် ထိုအရာနှစ်မျိုးထက် အဆမတန်အားပြင်းသော တစ်စုံတစ်ယောက်အားကာကွယ်ပေးလိုစိတ်က ရုတ်ချည်းတောက်လောင်လာချိန်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်း၌ ခိုကပ်လေသော အင်အားအပိုင်းအစလေးများက နှလုံးသားဗဟိုချက်၌ စုစည်းမိသွားပြီး ခိုင်မာလှစွာသောယုံကြည်ချက်တစ်ခုကို ပုံပေါ်စေသည်။

သူတို့နှစ်ယောက် အတူလွတ်မြောက်နိုင်ရမယ်.. ။

မှိုင်းဟာ သူ့ထံသို့ပြေးဝင်လာသော  zombieတစ်ကောင်ကို လက်ထဲမှတုတ်တံနှင့်လွှဲရိုက်လိုက်ပြီး အားပြင်းလှစွာသောခြေကန်ချက်ဖြင့် တစ်ဖက်နံရံဆီကို လွင့်စင်သွားအောင် ကန်ပစ်လိုက်သည်။ သွားရမည့်လမ်းကြောင်းကို ရှင်းလင်းလိုက်နိုင်ပြီးနောက် သူ၏အနောက်နားတွင် ရုန်းကန်နေရပါသောဘဝင်ခိုက်စေကို လက်ထောက်ဝတ်မှဖမ်းဆုပ်ရင်း ဆွဲခေါ်လာခဲ့လိုက်သည်။

"အရေးပေါ်လှေကားက ဒီဘက်.."

လမ်းကြောင်းအမှားဘက်ကို ဆွဲခေါ်လုမတတ်ဖြစ်သွားသောသူ့ကို ဘဝင်ခိုက်စေက အသည်းအသန်တားဆီးသည်။ သူတို့၏အနောက်ဘက်မှာ zombieအုပ်စုလိုက်ကြီးက မီးရထားတွဲကြီးနှယ် တစ်သီတစ်တန်းလိုက်ပါလာသည်။

သူတို့နှစ်ယောက်လည်း တစ်ယောက်လက်ကိုတစ်ယောက်ဆွဲလျက် အမြန်ဆုံးသောအရှိန်ဖြင့် အရေးပေါ်လှေကားဘက်ကို ပြေးထွက်ခဲ့ကြသည်။ အသက်ပင် ရဲရဲမရှူမိကြသလို မျက်တောင်တစ်ချက်မျှမခတ်ရဲပေ။ အရောက်သွားရမည့် ပန်းတိုင်နေရာကိုသာ တစိုက်မတ်မတ်စိုက်ကြည့်ရင်း ပြေးနေကြရ၏။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin