Part-15

6.4K 827 28
                                    

Unicode Version

"သိပ်တော့စိတ်မရှည်ပေမယ့်အခွင့်အရေးတစ်ခုပေးမယ်"

နွန်းကမှိုင်းကိုဓားနှင့်ချိန်ရွယ်ထားရင်း အသံမာမာနှင့်ပြောလိုက်သည်။ ထိုအပြုအမူနှင့်စကားများကြောင့် အနောက်ဘက်ရှိဖလွန်ဇာနှင့်ဒီဗဲလ်ရာတို့မှာ ထိတ်လန့်ကာကြံရာမရဖြစ်သွားကြသည်။ သူတို့ဟာနွန်းကိုတစ်လှည့်၊ မှိုင်းကိုတစ်လှည့် ကြည့်ရင်း စိုးရိမ်စိတ်နှင့်အတူတွေဝေနေကြသည်။

နွန်းကတော့သူတို့နှစ်ယောက်ကိုလုံးဝဂရုမစိုက်ဘဲ လျစ်လျူရှုထားသည်။

"မျက်နှာဖုံးကိုမင်းကိုယ်တိုင်ချွတ်မလား။ ငါချွတ်ပေးရမလား"

နွန်းကိုသတိထား၍ကြည့်နေသောမှိုင်းလည်း အနည်းငယ်ထိတ်လန့်လာသည်။ သို့သော် စိတ်ကိုတင်း၍နွန်းကိုမေးခွန်းပြန်ထုတ်သည်။

"ဘာတွေပြော.."

မှိုင်း၏စကားမဆုံးခင်မှာတင် နွန်းကသူ၏ဓားရှည်ကိုလည်ပင်းပေါ်မှပြန်ခွါလိုက်ပြီး မှိုင်း၏မျက်နှာကိုချိန်ရွယ်ကာ မျက်နှာဖုံးကိုထိုဓားရှည်နှင့်အလယ်တည့်တည့်မှနှစ်ပိုင်းဖြတ်ချလိုက်သည်။ ထိုကဲ့သို့သောအပြုအမူကို မှိုင်းအပြင်ဖလွန်ဇာနှင့်ဒီဗဲလ်ရာကပါ လွန်စွာထိတ်လန့်သွားကြသည်။ လက်စလက်နကိုမထိန်းချုပ်တတ်သူဆိုလျှင် မှိုင်း၏မျက်နှာပျက်စီးသွားနိုင်ပေသည်။

"မင်းကိုနောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးမယ်။ မဟုတ်လို့ကတော့မင်းရဲ့အသက်ကိုအာမမခံနိုင်ဘူးနော်။ မင်းဘယ်သူလဲ။ ဘာလို့မှိုင်းအယောင်ဆောင်ထားတာလဲ။ ဘာလိုချင်လို့လဲ"

နွန်း၏အကြည့်မှာပြတ်သားသည်။ ပြောလျှင်ပြောသည့်အတိုင်းလုပ်တတ်သည့်လူမှန်းသိသာစေသည်။

မိနစ်အနည်းငယ်ကြာသည်အထိတစ်ဖက်မှစကားပြန်မလာသည့်အပြင် ထိုလူထံမှတိုက်ခိုက်လိုဟန်အရိပ်အယောင်များပြနေသဖြင့် နွန်းလည်းလက်ဦးမှုယူ၍စတင်တိုက်ခိုက်ပါတော့သည်။

တိုက်ခိုက်ရေးကျွမ်းကျင်သောနွန်းလိုလူမျိုးကပင် အားထုတ်၍တိုက်ရလောက်သည်အထိကျွမ်းကျင်နေသောထိုလူဟာ လျှော့တွက်၍မဖြစ်ကြောင်း နွန်း၏စိတ်ထဲ၌မှတ်ချက်ချမိသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now