Unicode Version
"မှိုင်း.."
မှိုင်းသည် အိပ်ရာမှနိုးနိုးချင်း တော်ဝင်ဝတ်ရုံကို ကျကျနနဝတ်ဆင်ကာ အိပ်ဆောင်၏အပြင်ဘက်သို့ ထွက်လာခဲ့လေရာ အဆင်သင့်စောင့်နေတတ်သော ဖလွန်ဇာအစား ပျော်ရွှင်နေပုံပေါက်သော နွန်းကိုသာ တွေ့လိုက်ရသဖြင့် အတန်ငယ်မျှအံ့သြသွားရလေသည်။
"အရှင်က..ဒီကို.. ကျွန်တော့်ကိုစောင့်နေတာလား"
"ဟုတ်တယ်။ ကိုယ်မင်းကို တစ်နေရာကိုခေါ်သွားချင်လို့"
"ဘယ်ကိုလဲ"
"လာပါ။ ရောက်တော့သိမှာပေါ့"
နွန်းသည် အရှေ့ကဦးဆောင်၍ မှိုင်းကို တလှည့်ကြည့်ကြည့်လုပ်ရင်း ရဲတိုက်ထဲမှ ထွက်လာခဲ့သည်။ မှိုင်းကလည်း နွန်း၏ထူးခြားနေသော အပြုအမူကြောင့် သတိနှင့် လိုက်ပါလာလေသည်။ ယနေ့မှ ရဲတိုက်ကြီးသည် ထူးထူးခြားခြားတိတ်ဆိတ်လွန်းနေပြီး သူတို့နှစ်ဦး၏အနောက်တွင်လိုက်ပါနေကျ အစောင့်များလည်း ဘယ်ဆီဘယ်ဝယ်ရောက်နေသလဲ မသိတော့ပေ။ ဤသို့ဖြင့် မှိုင်း၏ခေါင်းထဲ၌ မေးခွန်းပေါင်းများစွာ ပလုံစီနေ၏။
ရဲတိုက်အပြင်သို့ ခြေချလိုက်ပြီးနောက် နွန်းသည် မြောက်ဘက်သို့ ဦးတည်၍ သွားနေသဖြင့် မှိုင်းက နားမလည်နိုင်စွာ ငေးကြည့်ရင်း နေရာမှာပင် ရပ်တန့်နေမိသည်။ သူ၏အနောက်သို့ မှိုင်းလိုက်မလာမှန်း သိသွားသည့် နွန်းကလည်း လမ်းလျှောက်နေခြင်းကို ရပ်တန့်ကာ အနောက်သို့ ခပ်ဖြည်းဖြည်းလှည့်ကြည့်လာသည်။
"ဘာဖြစ်လို့လဲ.."
"ဒါက ပိတ်သိမ်းခံထားရတဲ့ ဥယျာဥ်ဟောင်းကို သွားတဲ့လမ်းမလား.."
ရဲတိုက်ကြီး၏တောင်ဘက်တွင် မြင်းဇောင်းနှင့်သင်တန်းကျောင်းတည်ရှိပြီး မြောက်ဘက်အတိုင်း လျှောက်သွားမည်ဆိုလျှင် စွန့်ပစ်ခံထားရသည့် ဥယျာဥ်ဟောင်းတစ်ခုရှိသည်။ ထိုဥယျာဥ်သည် ကွယ်လွန်သွားလေပြီဖြစ်သော မှိုင်း၏မိခင် ပိုင်ဆိုင်သည့် ဥယျာဥ်တော်လည်း ဖြစ်၏။ နွန်း၏မိခင်ကမူ အနောက်ဘက်ရှိဥယျာဥ်တော်ကို ပိုင်ဆိုင်သည်။
ESTÁS LEYENDO
Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)
Fantasíaနွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမနေဘူးလား သွားစမ်း!!!! အား!!! System!! ငါ့အမှတ်တွေကမပြည့်နိုင်သေးဘူးလား!!!!!" နွန်း : "ဘယ်လိုလဲ ရင်ထဲ...