Unicode Version
အာဏာလွှဲပြောင်းမည်ဟူသော အစီအစဥ်ပျက်သွားသဖြင့် မှိုင်းဝမ်းသာရသော်လည်း မရဏအရှင်နှင့် နွန်းတို့ပူးပေါင်းလုပ်ဆောင်နေကြသည့် အစီအစဥ်မှာ နွန်းအတွက် အန္တရာယ်များလေမလားဟု တွေးပူရပြန်သည်။
နွန်းကတော့ ပြီးခဲ့သည့်ရက်များကထက် ပို၍စိတ်တက်ကြွလာပုံပေါ်သည်။ တဲထဲမှာသာထိုင်ပြီး မှိုင်တွေမနေတော့ဘဲ အချိန်တိုင်းလိုလို အစီအစဥ်တစ်ခုခုအား တိတ်တဆိတ်တွေးတောနေဟန်တူသည်။ မှိုင်းကတော့ သူ့ကိုနည်းနည်းမျှအသိမပေးဘဲ တိတ်တဆိတ်အစီအစဥ်ချနေခြင်းအပေါ် သိပ်ဘဝင်မကျပေ။ သို့သော်လည်း နွန်းစိတ်ရွှင်နေသည်ဖြစ်ရာ ထိုကိစ္စအပေါ် တစ်စုံတစ်ရာဝေဖန်မှုလည်း မပြုရက်ချေ။
ဤကာလအတွင်းမှာ မရဏအရှင်၏မိစ္ဆာစစ်သည်များနှင့် သွေးနှောသန္ဓေသားများ မကြာခဏတိုက်ပွဲဖြစ်ကြသည့်အကြောင်းများလည်း ကြားရသည်။ အမည်မသိအဖွဲ့တစ်ခုက သခင်မကြီး၏ လက်ရွေးစင်King Makerများကို အလစ်ဝင်တိုက်သွားသည်ဟူသော သတင်းများလည်း အဆက်မပြတ်ကြားနေရသည်။ ဤသို့ဆိုလျှင် ထိပ်တိုက်ရင်ဆိုင်ကြရမည့်နေ့သည် မကြာခင်ရောက်လာတော့မည်မှာ ကျိန်းသေပင်။
"System..ငါ့ရဲ့လက်ရှိအမှတ်တွေနဲ့ ကျန်တဲ့Itemတွေကို ပြဦး"
Systemကလည်း မဆိုင်းမတွပင် လက်ရှိအမှတ်များနှင့် Itemမျိုးစုံကို ထုတ်ပြသည်။ သုံးပြီးသားItemများကိုလည်း အသုံးပြုပြီးဖြစ်ကြောင်း မှတ်သားထားသောစာရင်းကိုပါ ထုတ်ပြသည်။
Smart Point - 640
Classic Point - 415
Grand Point - 260Itemများတွင် Important Itemခြောက်ခုသည် ငွေပိုးမျှင်တန်းနှင့် ရွှေ့ပြောင်းပန်းချီကားချပ်ကို အသုံးပြုပြီးဖြစ်၍ လေးခုကျန်သည်။ Experience Itemကိုးခုတွင် နွန်းကိုကယ်ထုတ်ရန်ကြိုးစားစဥ်က သုံးခဲ့ရသော အသေးစားItemများအပါအဝင် မဟူရာမျက်ဝန်း၊ အနှိုင်းမဲ့အလင်းနှင့် အာရုံထွေပြားItemပါ ထည့်တွက်လျှင် စုစုပေါင်းငါးခုကိုအသုံးပြုပြီးဖြစ်၏။
Missionနှစ်ခုမှာလည်း နှစ်ခုစလုံး၏ပြီးမြောက်မှုLevelသည် ပြည့်လုနီးပါးပင်။ မိဘနှစ်ပါး၏သေဆုံးရခြင်းတရားခံကို ရှာဖွေနိုင်ပြီးဖြစ်သော်လည်း ထိုတရားခံကို တန်ရာတန်ကြေးပေးဆပ်ခိုင်းဖို့လိုသေးသည်။ သို့သော်လည်း ထိုMissionမှာ တစ်ဝက်ကျော်မျှပြည့်မြောက်နေပြီဖြစ်၏။
YOU ARE READING
Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)
Fantasyနွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမနေဘူးလား သွားစမ်း!!!! အား!!! System!! ငါ့အမှတ်တွေကမပြည့်နိုင်သေးဘူးလား!!!!!" နွန်း : "ဘယ်လိုလဲ ရင်ထဲ...