Part-58

3K 403 6
                                    

Unicode Version

သူအတွေးလွန်နေမိသည်မှာ Systemထံမှ Smart Pointများ ငါးဆယ်ကျော်တက်လာသည်ကို ကြားရချိန်မှသာ သတိပြန်ဝင်တော့သည်။ နွန်းသည် သူတုံ့ပြန်လာမည့်စကားကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေသော်လည်း သူ၏အမူအရာကတော့ မှိုင်းငြင်းလိုက်မည်ကို စိုးရိမ်နေသလို အနည်းငယ်အလျင်စလိုနိုင်နေလေ၏။

"ဟီရန်..."

"မှိုင်းလို့ခေါ်ပေးပါ"

သတိမထားမိလိုက်ခင်မှာပင် သူ ဤကဲ့သို့တောင်းဆိုလိုက်မိသည်။ သင့်တော်၏၊မသင့်တော်၏ သူနားမလည်တော့သလို ကျိုးကြောင်းသုံးသပ်ဆင်ခြင်နိုင်စွမ်းလည်းမရှိတော့..။ သူ၏စိတ်အာရုံအလုံးစုံကို စိုးရိမ်ပူပန်မှုကြောင့် အနည်းငယ်တွန့်ချိုးထားလေသော နွန်း၏မျက်ခုံးတန်းနှစ်သွယ်က ညှို့ငင်ထားသည့်နှယ်...။

"မှိုင်း... ကိုယ်မေးတာကိုဖြေဦးလေ"

ပါးနှစ်ဖက်လုံးကိုအုပ်ကိုင်ကာ စိုးရိမ်ကြောင့်ကြစွာမေးခွန်းထုတ်လာသူကို စကားအရာဖြင့်မတုံ့ပြန်တော့ဘဲ ပို၍လက်တွေ့ဆန်သည့်တုံ့ပြန်မှုကိုသာ ဆတ်ခနဲပြုလုပ်လိုက်လေသည်။

ပါးပြင်နှစ်ဖက်ကို အုပ်ကိုင်ထားသောလက်တို့အားဖယ်ချကာ လက်ဖဝါးနှစ်ဖက်အကြားဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် ​သူ၏လုပ်ရပ်ကြောင့် ကြောင်အသွားလေသောနွန်း၏မျက်နှာအနားသို့ တိုးကပ်ကာ ခေါင်းကိုအနည်းငယ်မျှစောင်းငဲ့လိုက်သည်။

"ကျွန်တော့်ရဲ့အဖြေကို သေချာနားထောင်ပါ.."

တိုးဖွဖွစကားသံတို့အဆုံးမှာ ထိကပ်သွားသည့်နှုတ်ခမ်းအစုံ..။ ​ထူးကဲသည့်နူးညံ့မှုတစ်စုံတစ်ရာကို ကိုယ်စီခံစားသိရှိလိုက်ရသည့်တစ်ဒင်္ဂမှာ နွန်းရောမှိုင်းပါအံ့သြမင်သက်ရသည်။

နူးညံ့အိစက်လေသောအကြင်နာတစ်ပွေ့တစ်ပိုက်သည် ထိုအနမ်းတွင်ပျော်ဝင်နေလေရာ နွန်း၏စိုးရိမ်ကြောင့်ကြမှုမှန်သမျှသည် နေမင်း၏အစက်အပြောက်များကြောင့် လွင့်စင်သွားရသောနှင်းစက်များနှယ်..။ မျှော်လင့်ထားရသောအရာဖြစ်သော်လည်း ထင်မှတ်မထားသောနည်းလမ်းမျိုးနှင့် အမှတ်မထင်လက်ခံလိုက်ရချိန်၌ ထိုအဖြစ်က နွန်းအား အတိုင်းမသိပျော်ရွှင်ခြင်းကို ပေးစွမ်းလေ၏။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now