Part-57

2.9K 417 6
                                    

Unicode Version

"ကိုယ် မင်းကို လျှို့ဝှက်အာဏာလွှဲပြောင်းပေးမယ် မှိုင်း"

ရုတ်တရက်ဆန်သောစကားအဆုံးမှာ ခယ်မိုနှင့်မှိုင်းတို့၏ တုံ့ပြန်ပုံမှာ အတူတူချည်းသာ။

"မဖြစ်နိုင်တာ"

"ဒါက မသင့်တော်ဘူးထင်ပါတယ် အရှင်..."

နွန်း၏အာဏာကို မှိုင်းအားလွှဲအပ်ပေးလိုက်ခြင်းသည် ပို၍ပင်စွန့်စားရာကျမှန်း အားလုံးသိသည်။ အကယ်၍ မှိုင်းအနေနှင့် ထိုအာဏာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မတတ်နိုင်တော့သည့်အခါ ထိုအာဏာကပင် သူ့အတွက် အတိဒုက္ခဘေးကိုဖြစ်စေမည်မှာ အသေအချာပင်။

နွန်း၏လက်ရှိအခြေအနေမှာ မည်မျှပင်ဆိုးဝါးနေပါစေဦး။ အတွေ့အကြုံနှင့် ကြံရည်ဖန်ရည်တို့ကရှိထားနှင့်ပြီဖြစ်၏။ သို့သော် မှိုင်းကတော့ဖြင့် သူ၏သက်တမ်းတစ်ဝက်မျှကပင် ရဲတိုက်ထဲ၌ပိတ်လှောင်ခံခဲ့သူမို့ ပြင်ပဗဟုသုတနှင့်အတွေ့အကြုံများသည် နုနယ်သေး၏။

"ငါက မှိုင်းကိုအန္တရာယ်ဖြစ်အောင် လုပ်ပါ့မလား ခယ်မို...။ ငါ့မှာ အစီအစဥ်ဆွဲထားတာရှိပါတယ်"

မှိုင်းသည် ဤကမ္ဘာကိုစရောက်ကတည်းက အန္တရာယ်ကြီးငယ်ဟူသမျှ ကြုံတွေ့ခဲ့ရပြီဖြစ်ရာ ယခုကိစ္စအတွက် ကျရောက်လာမည့်ဘေးအန္တရာယ်ကို ထူး၍ကြောက်ရွံ့မနေတော့ချေ။

ယခင်ကမ္ဘာမှာလည်း သူပိုင်ဆိုင်သောဓနဥစ္စာများက သူ့အတွက် အန္တရာယ်ကိုဖိတ်ခေါ်ခဲ့သည်။ အနည်းငယ်သော ထိုစည်းစိမ်ကပင် သူ့အားအတိဒုက္ခရောက်စေခဲ့ပါလျှင် တိုင်းပြည်တစ်ခုလုံးနှင့်ချီသည့်အာဏာသည် မည်သို့နှယ်ကြီးမားသောဘေးဒုက္ခကို ဆောင်ကြဥ်းလေမလဲဆိုသည်ကို သူမှန်းဆကြည့်၍ရသည်။

သူစိုးရိမ်သည်မှာ ဤကိစ္စကိုအရင်းတည်၍ စိတ်ဓာတ်ကျနေသောနွန်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ်စတေးပစ်မည်ကိုပင်။

"အရှင် ကျွန်တော်တို့ တခြားနည်းကိုရှာကြည့်ရအောင်ပါ။ ဒါက မဖြစ်နိုင်တဲ့နည်းလမ်းကြီးလို့ထင်တယ်"

"ဘာလို့မဖြစ်ရမှာလဲ။ မင်းအန္တရာယ်ကြုံအောင် ကိုယ်လုပ်မယ်လို့များ ထင်နေတာလား မှိုင်း..။ မင်းကိုကာကွယ်ပေးချင်လို့ အခုလိုလုပ်နေတာ"

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now