Part-63

3.2K 386 26
                                    

Unicode Version

ပတ်ပတ်လည်မှာ သွေးစက်တို့စွန်းထင်းလျက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းအကြား ရုန်းကန်နေကြသူများမှာလည်း ပင်ပန်းလုမကပင်ပန်းနေကြရပြီဖြစ်၏။ စစ်သည် လဝက်ကျော်သည်အထိ အရှိန်ကောင်းနေခဲ့ပြီး တစ်စုံတစ်ဦး၏သား၊ တစ်စုံတစ်ဦး၏လင်ယောကျ်ားနှင့် တစ်စုံတစ်ဦး၏ဖခင်တို့အား ဆုံးရှုံးစေခဲ့ပြီးဖြစ်သည်။

နောက်ပြန်လှည့်၍မရတော့သည့် ဤစစ်ပွဲတွင် ရန်သူဘက်ကအထိနာသလို နွန်းတို့ဘက်ကဆုံးရှုံးမှုများကလည်း မနည်းမနောပင်။ တစ်ဖက်မှာ မီယာနှင့် တာအီမြို့စား၏ယောက်ဖတော်တို့ဟာ လေးဖက်လေးတန်ညှပ်ပိတ်၍ အတိုက်ခံရသည့်အထဲပါသွားပြီး တိုက်ပွဲအလယ်မှာပင်ကျဆုံးခဲ့လေပြီ။

ခယ်မိုနှင့်မှိုင်းသည်ပင် ဒဏ်ရာဗရပွ၊ သွေးအလိမ်းလိမ်းနှင့်..။ သစ္စာတော်ခံစစ်သည်တချို့ကိုလည်း ဆုံးရှုံးခဲ့ရ၏။

ရှူရှိုက်မိသောလေထုသည်ပင် သွေးနံ့တို့စွန်းထင်းနေပြီး နံဘေးမှာရှိသမျှအရာရာသည် ရုတ်ချည်းအဓိပ္ပါယ်မဲ့ခဲ့ရသည့်ကာလများပင်။

နွန်းကလည်း တစ်ဖက်King Makerများ၏ အဖျက်စွမ်းအင်ကို တစ်ယောက်တည်းအားဖြင့် ခက်ခဲပင်ပန်းစွာတိုက်ဖျက်နေရသည်ဖြစ်ရာ သူ၏ပင်ပန်းမှုကလည်း မှိုင်းတို့ထက်မပိုလျှင်တောင် လျော့လည်းမလျော့နိုင်ချေ။

သူကိုယ်တိုင်လည်း ပင်ပန်းနေပါလျက်နှင့် စစ်ပွဲထဲမှ ဒဏ်ရာဗရပွနှင့် မှိုင်းပြန်လာရချိန်တိုင်း ဘာမှမကူညီပေးနိုင်ဟုဆိုကာ ဝမ်းနည်းပူဆွေးနေတတ်သည်။ ထိုအချိန်တိုင်းလည်း မှိုင်းမှာ ကူကယ်ရာမဲ့စွာဖြင့် နှစ်သိမ့်ပေးရမြဲပင်။

တစ်ချိန်ချိန်မှာတော့ ပြီးဆုံးသွားမည်ဖြစ်သည့် ဤစစ်ပွဲသည် လက်ရှိကာလများအဖို့ အလွန်ကြမ်းတမ်းခက်ခဲလွန်းသည်ကတော့ အမှန်ပင်။ အဆုံးသတ်မှာ အောင်နိုင်သူဟာ သူတို့ဖြစ်နေဖို့ဆိုလျှင် ပို၍ပင်ခက်ခဲကြမ်းတမ်းသေးသည်။

စစ်ပွဲ၏အဆုံးသတ်သည် ပျက်သုဥ်းခြင်းအချို့ကိုဆောင်ကြဥ်းတတ်သည့်ထုံးစံအတိုင်း ကူကယ်ရာမဲ့ခြင်းများနှင့် သွေးပျက်ဖွယ်ခံစားချက်အချို့ကိုပါ ခံစားမိစေသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now