Part-56

2.9K 416 5
                                    

Unicode Version

ခယ်မိုလည်း နွန်း၏လက်မှဒဏ်ရာကို ဆေးထည့်ပြီးသည်နှင့် သူ၏အရှင်အနားယူနိုင်ရန် တဲထဲမှထွက်သွားပေးရန် စိတ်ကူးလိုက်သည်။

"ခယ်မို.."

သူထွက်မသွားခင်မှာ ငေးငေးငိုင်ငိုင်ဖြစ်နေသောနွန်းက ကြမ်းပြင်ကိုငေးနေရင်း သူ့ကိုအခေါ်ရှိလာသည်။ ထို့ကြောင့် အပြင်ထွက်ဖို့ပြင်နေသောခြေလှမ်းကို ပြန်ရုတ်သိမ်းလိုက်သည်။

"နာခံနေပါတယ် အရှင်"

"ခုနက ငါပြောတာတွေကို စိတ်ထဲမထားနဲ့။ ဒီရက်ပိုင်း ငါအရမ်းမွန်းကြပ်နေလို့ ပြောမိရုံသက်သက်ပဲ။ အလကားနေရင်း မှိုင်းကိုသွားပြောပြီး စိတ်မဆင်းရဲစေနဲ့ဦး။ ငါ... ရဲတိုက်ကိုပြန်သိမ်းမှာပါ။ အောင်နိုင်ခြင်းက ငါ့အတွက် ဘာအဓိပ္ပါယ်မှမရှိတော့ဘူးဆိုရင်တောင် ဒီတိုက်ပွဲကို မှိုင်းအတွက် ငါ နိုင်အောင်တိုက်ပေးမှာ"

မှောင်မိုက်လေပြီးသော သူ၏အမြင်အာရုံတို့သည် မှိုင်းအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့သာ နွန်းဆုတောင်းမိပါရဲ့။ ဤအချိန်မှာ အတတ်နိုင်ဆုံးကြိုးစား၍ မှိုင်းအတွက် အင်အားဖြစ်ပေးချင်မိသည်က သူ၏အရိုးခံဆန္ဒသာဖြစ်၏။

"စိတ်ချပါ အရှင်။ ကျွန်တော်မျိုး နှုတ်ဆိတ်နေပါ့မယ်"

"ကောင်းပြီ။ မင်းလဲ သွားနားလိုက်ဦး။ မှိုင်းပြန်လာမှ ရှေ့ဆက်ဖို့အတွက် တစ်ခုခုအစီအစဥ်ထပ်ဆွဲကြမယ်"

"ဟုတ်ကဲ့ပါ အရှင်"

ခယ်မိုထွက်သွားသည်နှင့် နွန်းလည်း ခပ်မတ်မတ်ထိုင်နေရာမှ လျော့တိလျော့ရဲဖြစ်သွားသည်အထိ ခန္ဓာကိုယ်ကို ​ဖြေလျှော့လိုက်လေရာ သူ၏ပုံစံမှာ အင်အားယုတ်လျော့သွားဟန်အပြည့်ပင်။ သြဇာတိက္ကမနှင့် ပြည့်စုံလှစွာသော နွန်း၏ဟန်ပန်မှာ ယခုမူ အစရှာ၍ပင်မရတော့ချေ။

မည်သူ့ကိုမှအကူအညီမပေးနိုင်သည့်အပြင် ဝန်ထုပ်ဝန်ပိုးသဖွယ်ဖြစ်သွားသောသူ့အဖို့ အရာရာဟာ ကျေနပ်ဖွယ်ရာမရှိ။ ဤမျှအထိ အသုံးမဝင်သူတစ်ယောက်ဖြစ်လာလိမ့်မည်မှန်း သူ ယောင်၍ပင် မတွေးခဲ့ဖူးပေ။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin