Part-77 (Return to Real Life)

3.5K 372 3
                                    

Unicode Version

သူသတိပြန်ဝင်လာချိန်မှာ သူ့ခန္ဓာကိုယ်ဟာ တင်းကြပ်သောချုပ်နှောင်မှုတစ်ခုအကြား ကျရောက်နေသယောင်ခံစားလိုက်ရသည်။ ခန္ဓာကိုယ်အနှံ့မှာ နာကျင်မှုကိုသာခံစားရပြီး မျက်လုံးပင်မဖွင့်နိုင်သည်အထိ အားနည်းနေရသောမှိုင်းသည် ဘေးပတ်ဝန်းကျင်ရှိလှုပ်ရှားမှုတို့ကိုတော့ အာရုံခံစားနိုင်သေးသည်။

ဝရုန်းသုန်းကားဖြစ်နေကြသောအသံများနှင့် ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားနေကြသော ခြေသံများအကြား စိုးရိမ်တကြီးအော်ခေါ်သံတို့ကိုပါ သူ ခပ်ရေးရေးကြားရသည်။ သတိပြန်လည်လာပြီဖြစ်သော်ငြား အသိစိတ်မကပ်သေးသည်ဖြစ်ရာ ထိုသက်ရောက်မှုများကို ပြန်လည်တုံ့ပြန်ဖို့ သူ့မှာအင်အားမရှိ။

များလှစွာသောအသံများအကြား တရင်းတနှီးရှိလှသောအသံတို့ကို ခွဲခြားနိုင်ပြီးနောက် အစွမ်းကုန်အားထုတ်မှုဖြင့် သူ၏လက်ချောင်းတချို့ကိုသာ လှုပ်အောင်စွမ်းဆောင်နိုင်ခဲ့သည်။

သူ၏စိတ်အစဥ်ဟာ အနောက်ဘက်ခပ်ဝေးဝေးဆီမှ အသံတစ်ခုကိုသာ အာရုံခံစားနိုင်လျက်...။

"မှိုင်း..."

အဖျားသတ်မှာ တုန်ယင်သွားလေသော ထိုခေါ်သံဟာ သောကရည်တို့စိုရွှဲလျက် အလောတကြီးလည်းနိုင်လှပေသည်။ အဖိုးတန်ပစ္စည်းတစ်ခုဆုံးရှုံးလိုက်ရသည့်နှယ် အပူတပြင်းဖြစ်နေပြီး ပြန်လည်ရယူနိုင်ဖို့လည်း စိတ်အားထက်သန်နေခြင်းမျိုးပင်။

ရင်းနှီးကျွမ်းဝင်လှသောထိုအသံဟာ သူ၏နှလုံးအိမ်ကို အလိုလိုထိရှနာကျင်လာစေသည်။ ရင်ဘတ်ဆီမှ အောင့်မျက်သွားသောဝေဒနာကြောင့် တစ်ကိုယ်လုံးရှိဒဏ်ရာများပင် ထုံထိုင်းသွားရသလို။

ထိုအသံလေးဆီကို သူ နီးကပ်သွားချင်မိပါရဲ့။ ဘယ်ဆီကိုရောက်ရောက် သူရှာဖွေနေမည့် ထိုအသံပိုင်ရှင်..။ မြတ်နိုးရပါသော ထိုလူသား...။

သို့သော် သူသည် ထိုခေါ်သံနှင့်ဝေးသည်ထက်ဝေးရာကိုသာ ဦးတည်နေပေသည်။ သူကိုယ်တိုင်ပင် မထိန်းချုပ်နိုင်။ တစ်စုံတစ်ဦးက သူ့ခန္ဓာကိုယ်အား ထိန်းချုပ်နေပေသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now