Part-35

3.9K 490 9
                                    

Unicode Version

နွန်း၏စိတ်အစဉ်မှာ ယောက်ယက်ခတ်လျက် ရှိသည်။ မှိုင်း၏တောင်းဆိုချက်မှာ လွယ်ကူမယောင်နှင့် ခက်ခဲနေပေသည်။ မှိုင်းသည် အပြင်လောကကြီးအကြောင်းကို ကောင်းစွာသိနားလည်ခြင်းမရှိသေးချေ။ ရဲတိုက်ထဲတွင်သာဆိုလျှင် မှိုင်း၏ဘေးနားတွင် သူကအချိန်ပြည့်ရှိနေပေးနိုင်သော်လည်း အပြင်သို့ ရောက်သွားခဲ့ပါက ကန့်သတ်ချက်များရှိသည်။သူကိုယ်တိုင်ကလည်း ရဲတိုက်ထဲ၌ တာဝန်ဝတ္တရားများရှိနေသေးသောကြောင့် မှိုင်းနှင့်အတူလိုက်ပါရန် မဖြစ်နိုင်။

ထိုတောင်းဆိုချက်ကြောင့် တာအီပြည်နယ်ကပြန်ရောက်လာလျှင် ပြောမည်ဟုကြံစည်ထားသော စကားများကိုပင် ​ထုတ်ဖော်ဖွင့်ဟရန် အင်အားမရှိတော့သည်အထိ ဖြစ်နေရသည်။

ဤကဲ့သို့ ရှုပ်ထွေးနောက်ကျိနေသော စိတ်အစဉ်ကြောင့် မှန်ကန်သင့်တော်စွာ စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း လျော့ကျလျက်ရှိ၏။ သူ၏အခြေအနေကို အကဲခတ်မိသော ဒီဗဲလ်ရာသည်လည်း အရှင်သခင်အား ကျေနပ်နှစ်သိမ့်စေနိုင်မည့်နည်းလမ်းကို အပြင်းအထန်ရှာဖွေတွေးတောနေပေသည်။ အချိန်အားဖြင့် နာရီဝက်မျှကြာမြင့်ပြီးနောက် တော်ဝင်ညစာစားပွဲပင် နီးကပ်လာလေပြီဖြစ်ရာ ဒီဗဲလ်ရာလည်း အခြားအတွေးများကို ဘေးချိတ်၍ နွန်းကို ညစာစားရန် တိုက်တွန်းလိုက်ရသည်။

"အရှင် အခုလောက်ဆို ညစာစားဖို့ သခင်လေးက စောင့်နေလောက်ပါပြီ"

မှိုင်းနှင့်ပတ်သက်လာလျှင် အထိအခိုက်မခံတတ်သော နွန်းသည် ဤတစ်ကြိမ်တွင်လည်း လျင်မြန်စွာတုံ့ပြန်လာလေသည်။ ထိုင်နေရာမှ အမြန်မတ်တပ်ထရပ်ကာ အဆောင်တော်ထဲမှ ထွက်ရန်ပြင်သည်။

"ဒီဗဲလ်ရာ.."

အဝင်ဝအနားသို့ ရောက်သောအခါမှ လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်ပြီး ဒီဗဲလ်ရာ၏ နာမည်ကို တွေးတွေးဆဆနှင့် ခေါ်လေသည်။ ခေါ်သံကြားသည်နှင့် ဒီဗဲလ်ရာမှာလည်း မတုံ့ဆိုင်းဘဲ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်.."

"တယ်ရာ ဘယ်မှာရှိနေလဲဆိုတာ သိလား"

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now