Part-47

3.5K 437 7
                                    

Unicode Version

နောက်တစ်ရက်နံနက်တွင် အိမ်တော်ထဲရှိ အစေခံများနှင့် ရဲတိုက်အစောင့်များသည် ခရီးစဥ်အတွက် ပြင်ဆင်မှုများလုပ်နေသည်ဖြစ်ရာ အိမ်တော်ကြီး၏အရှေ့၊အနောက် နေရာတိုင်းမှာ လှုပ်ရှားသွားလာသံနှင့် စကားပြောသံများ ဆူညံနေတော့သည်။

"ရိက္ခာခြောက်တွေ လုံလုံလောက်လောက်ပါရဲ့လားဆိုတာ သေချာစစ်ဦး"

"လမ်းတစ်လျှောက်လုံး လုံခြုံရေးမလျော့ရဲစေဖို့ လုံခြုံရေးအဖွဲ့က အချိန်ပြည့်နိုးနိုးကြားကြားရှိနေမှ ဖြစ်မယ်"

ရိက္ခာသယ်ဆောင်ရေးအပိုင်းမှာလည်း လစ်ဟင်းမှုမရှိအောင် တာဝန်ရှိသူများက ကြပ်မတ်နေချိန်တွင် လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင်ကလည်း ယခင်ကနှင့်မတူဘဲ ပြည်တွင်းအခြေအနေရှုပ်ထွေးနေချိန်မှာ အရှင်နှစ်ပါး၏လုံခြုံရေးကို နှစ်ဆပိုတိုးမြှင့်ရမည်ဖြစ်ရာ သူ၏တပ်သားများကို အားကြိုးမာန်တက်မှာကြားနေရသည်။

နွန်းနှင့်မှိုင်းကတော့ အိမ်ခန်းဆောင်ထဲတွင် အဝတ်အစားလဲနေကြပြီး လိုအပ်သည့်ပစ္စည်းပစ္စယစစ်ဆေးခြင်းများ ပြုလုပ်နေကြသည်။

ရာသီဥတုသည် အနည်းငယ်စိုစွတ်ပြီး အုံ့မှိုင်းမှိုင်းဖြစ်နေသောကြောင့် နေရထိုင်ရအဆင်ပြေလှသည်။ မိုးရွာချမည့်အရိပ်အယောင်မရှိဘဲ မှိုင်းညှို့ညှို့သာဖြစ်နေသဖြင့် ပို၍သက်တောင့်သက်သာဖြစ်ရသည်။

နွန်းသည် ဤခရီးကိုလိုက်ရန် မှိုင်း ဘာကြောင့်တောင်းဆိုသည်ကို မသိသော်လည်း အတူလိုက်ပါလာသည့်အတွက် အလွန်ဝမ်းမြောက်နေမိသည်။

"မှိုင်း..အဆင်သင့်ဖြစ်ရင် သွားကြရအောင်"

အင်္ကျီရှိခြုံထည်ကို သေချာစစ်ဆေးနေသော မှိုင်းကို တစိမ့်စိမ့်ကြည့်ရင်း ပြောလိုက်ရာ မှိုင်းသည် လုပ်လက်စများကို ရပ်တန့်ပြီး သူ့ကိုလှည့်ကြည့်လာသည်။ ထို့နောက် နေတလူပန်းများထည့်ထားသော အိတ်ငယ်ကို ယူဆောင်လိုက်ပြီး သူ့အနားသို့ တစ်လှမ်းချင်းလျှောက်လာသည်။

"ကျွန်တော်ပြင်ဆင်လို့ပြီးပြီ အရှင်"

သွားဖို့အဆင်သင့်ဖြစ်ကြောင်း မျက်နှာသေလေးနှင့် ပြောလာသည့် မှိုင်းကိုငေးကြည့်ရင်း သူ့မှာရယ်ချင်ပက်ကျိဖြစ်နေသည်။ မှိုင်းသည် မနက်အစောပိုင်းကဖြစ်သွားသော ကိစ္စနှင့်ပတ်သက်၍ သူ့ကို ယခုထိစိတ်ဆိုးနေဟန်တူသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now