Part-72

2.4K 326 6
                                    

Unicode Version

"ခေါင်းမော့စမ်း"

သူနှင့်အတူပါလာသော ကိုယ်ရံတော်က ထိုင်ခုံပေါ်မှာကြိုးတုပ်ခံထားရသော ထိုလူ့ကို ခေါင်းမော့လာရန်ဖိအားပေးလိုက်သော်လည်း တစ်ဖက်လူက မနာခံချေ။

ခေါင်းငိုက်စိုက်ချထားလျက်သားဖြင့် ရွံရှာနေသောညည်းညူသံတစ်မျိုးကို ထုတ်လွှတ်လိုက်လေသဖြင့် ကိုယ်ရံတော်က မခံမရပ်နိုင်ဖြစ်သွားပြီး ထိုလူအား ရိုက်ဖို့ပြင်လေသည်။ သို့သော် မှိုင်းက အချိန်မီတားလိုက်ပြီး ကိုယ်ရံတော်အား ဤနေရာမှထွက်သွားရန် အမိန့်ပေးလိုက်သည်။

"ခေါင်းဆောင်... သူကအရမ်းခေါင်းမာပြီး ရိုင်းစိုင်းတာ။ အဆင်ပြေပါ့မလား"

"ရတယ်။ သူ့ကို ငါ့တာဝန်ထားလိုက်"

သူ့ဘက်က ယတိပြတ်အမိန့်ပေးနေသောကြောင့် ကိုယ်ရံတော်ကလည်း ဘာမှဆက်မပြောနိုင်တော့ဘဲ အမိန့်အတိုင်း ဤနေရာကတိတ်တဆိတ်ထွက်ခွါသွားလေတော့သည်။

အနားမှာ ဘယ်သူမှမရှိတော့သည့်အခါ မှိုင်းလည်း ထိုသူ၏အရှေ့၌ မတ်မတ်ရပ်ရင်း ခေါင်းငိုက်စိုက်ချထားဆဲဖြစ်သော ထိုလူသားကို အပေါ်စီးကငုံ့ကြည့်ရင်း ခပ်ယဲ့ယဲ့ပြုံးမိသည်။

မာနကြီးဟန်တူသော သူ့မျက်စိရှေ့ကလူသား၏အပြုအမူကြောင့် သူ့မှာ မစနောက်ဘဲမနေနိုင်တော့...။

"ရဲဝံ့တဲ့စစ်သူကြီးတစ်ယောက်က စစ်ပွဲမှာ ဗျူဟာမသာလို့ အနိုင်ပိုင်းခံခဲ့ရရင်တောင် ရင်ထဲကသစ္စာတရားနဲ့သတ္တိကို ဘယ်သူမှအနိုင်မယူနိုင်မှာသေချာတာကြောင့် သေတဲ့အထိ ခေါင်းကိုမော့ ရင်ကိုကော့ပြီး ရန်သူကိုရင်ဆိုင်ရဲတယ်လို့ကြားဖူးတယ်။ ကြည့်ရတာ ခင်ဗျားကတော့ ရင်ထဲမှာတည်တဲ့သစ္စာနဲ့သတ္တိက ထင်သလောက်မခိုင်မာတဲ့ပုံပဲ.."

တစ်ဖက်လူ၏ခန္ဓာကိုယ်က ဒေါသစိတ်ကြောင့် ဆတ်ခနဲတုန်ယင်သွားသော်လည်း ခေါင်းကိုတော့မော့မလာသေးပေ။

"သူရဲဘောကြောင်လိုက်တာ"

လှောင်ရိပ်စွန်းသောလေသံကြောင့် တစ်ဖက်လူဟာ ဆတ်ခနဲမော့ကြည့်လာချိန်မှာ ကြောက်မက်ဖွယ်ကောင်းအောင် ခြိမ်းခြောက်နိုင်သောအကြည့်စူးစူးတို့ကို သူ လက်ခံရရှိလိုက်သည်။ ပြင်းထန်လှသောအရှိန်အဝါတစ်ခုဟာ ထိုအကြည့်မှတစ်ဆင့် သူ့ကိုယ်ပေါ်ကိုဖိစီးလေသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Unde poveștirile trăiesc. Descoperă acum