Part-53

2.9K 416 6
                                    

Unicode Version

ရဲတိုက်ကိုပြန်ရောက်သည်နှင့် နွန်းပထမဆုံးလုပ်သည့်အလုပ်မှာ King Makerများနှင့် အပေးအယူကိစ္စကို ကိုင်တွယ်ခြင်းပင်။ လက်ရှိအခြေအနေမှာ သူ့အဖို့ စုပ်လည်းစူး၊ စားလည်းရူးပင်။ မိခင်ဟူသောပိညတ်ချက်​အောက်တွင် ခင်တွယ်ခဲ့ရသူက သူ့အားရန်သူနှယ်သဘောထားနေချိန်မှာ အခြားမျိုးနွယ်စုများနှင့် ရန်သူဖြစ်ခြင်း၊ မဖြစ်ခြင်းကို သူမသိချင်တော့ပေ။

King Makerများ လိုချင်သည်မှာ လွတ်လပ်မှု။ သူလိုချင်သည်မှာ ပြည်သူများဘေးကင်းရေးနှင့် မတရားမှုကအနိုင်မရစေရေးသာဖြစ်၏။ ထို့ကြောင့် နှစ်ဦးနှစ်ဖက်အဆင်ပြေမည်ဆိုလျှင် ထိုကမ်းလှမ်းချက်ကို သူလက်ခံမည်သာ။

"ကျုပ်တို့ရဲ့တစ်ဖက်မှာ ရက်စက်ကြမ်းကြုတ်တဲ့ကျိန်စာတွေနဲ့ ခင်ဗျားတို့ပြောတဲ့ သစ္စာဖောက်King Makerတချို့ရှိတယ်။ ဒီတော့ အဲ့ဒီKing Makerတွေကို နှိမ်နင်းပေးဖို့ ခင်ဗျားတို့ကို ကျုပ်တောင်းဆိုတယ်။ အင်အားပဲသုံးသုံး၊ ပရိယာယ်နဲ့ပဲ နားချနားချ ကိစ္စရှင်းသွားဖို့က အဓိကပဲ။ တကယ်လို့ အောင်မြင်ရင် ကျုပ်အနေနဲ့ ခင်ဗျားတို့လိုချင်တဲ့လွတ်လပ်မှုကို သားစဥ်ဘောင်ဆက်ခံစားရအောင် ကြိုးစားပေးမယ်။ လူသားနဲ့ King Maker..အချင်းချင်း တစ်ဖက်ကိုတစ်ဖက် ရန်မပြုဘဲနဲ့ပေါ့"

တစ်ဖက်ကခေါင်းဆောင်ဖြစ်သူသည် နွန်း၏စကားများကို သေချာနားထောင်နေသည်။ ထို့နောက် ခေါင်းတညိတ်ညိတ်လုပ်နေရာမှ ခေတ္တရပ်တန့်ကာ နွန်းကိုလှည့်ကြည့်လာသည်။

ထို့နောက်မှာတော့ သူတို့ဟာ King Makerခေါင်းဆောင်၏ သဘောအတိုင်း သွေးသစ္စာတိုင်တည်ကြရသည်။

"ကျုပ်တို့တွေပူးပေါင်းကြမယ်။ အဲ့ဒီပူးပေါင်းမှုက ဒီသစ္စာဖောက်ကောင်တွေကို နှိမ်နင်းပေးဖို့ပဲ အကျုံးဝင်မယ်။ တခြားအပိုကိစ္စတွေမပါရဘူး။ အားလုံးအောင်မြင်သွားရင် ကျုပ်တို့အတွက် နယ်မြေတစ်ခုသတ်မှတ်ပေးပြီး လွတ်လပ်ခွင့်ပေးရမယ်။ သဘောတူရဲ့လား"

"သဘောတူပါတယ်"

ကတိသစ္စာပြုစကားအဆုံးမှာ ရောယှက်သွားသည့်သွေးစက်များနှင့်အတူ မျိုးနွယ်မတူ၊ စရိုက်မတူသောသူတို့သည်လည်း တစ်ဖွဲ့တည်းသားများ ဖြစ်လာခဲ့ကြသည်။ နွန်းအနေနှင့် လက်ရှိဖြစ်ပျက်နေသမျှအရာရာသည် အိပ်မက်အလား။ တစ်ချိန်က သွေးသားတော်စပ်ဖူးသူက သူနှင့်ပြဒါးတစ်လမ်း၊သံတစ်လမ်းဖြစ်လာပြီး ခေတ်အဆက်ဆက်၏ရန်သူဟု သမုတ်ခဲ့လေသောပုဂ္ဂိုလ်များကတော့ သူ့ဘက်ကရပ်တည်ပေးဖို့ အကြောင်းဖန်လာလေသည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Where stories live. Discover now