Unicode Version
ခရီးသွားရမည်ဆိုပြန်တော့လည်း နွန်းတွင်ကိုင်တွယ်ဖြေရှင်းရမည့်တိုင်းရေးပြည်ရေးများက မနည်းမနော။ ထိုကိစ္စများကို ယတိပြတ်ထားခဲ့ရန်ကလည်း မလွယ်။ ခေတ္တလွှဲအပ်၍ရကောင်းသော်လည်း အချို့ပြဿနာများက သူကိုယ်တိုင်ဖြေရှင်းမှသာ ရမည်။
ထို့ကြောင့် သူ၏ကင်းထောက်များကို ထိုနေရာသို့ ဦးစွာစေလွှတ်ပြီး စုံစမ်းနှင့်စေရန် ကြံရွယ်ထားသည်။ သို့ဖြစ်ရာ ကင်းထောက်အဖွဲ့မှအတော်ဆုံးလက်ရွေးစင်ဆယ်ယောက်ကို ရွေးချယ်၍ ထိုကင်းထောက်များကို ဒီဗဲလ်ရာအား ကြီးကြပ်စေ၏။ ဒီဗဲလ်ရာသည် နွန်း၏အယုံကြည်ရဆုံးလက်ထောက်ဖြစ်သည့်အတွက် ဤခရီးတွင် သူ့ကိုခေါင်းဆောင်စေသည်မှာ အသင့်မြတ်ဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု နွန်းယုံကြည်သည်။
ဒီဗဲလ်ရာမရှိသည့်အတောအတွင်း၌ နွန်း၏အမှုကိစ္စများကို ရံဖန်ရံခါတွင် ဖလွန်ဇာက တာဝန်ယူပေးမည်ဖြစ်၏။
မှိုင်းအတွက်ကမူ ဤရက်ပိုင်းအတွင်း System၏ ပထမဆုံးmissionကို ဦးစွာဖြေရှင်းရန် အာရုံစိုက်ထားလေသည်။ မိဘများ၏သေဆုံးမှုတွင် သမားရိုးကျမဟုတ်သည့် မသင်္ကာဖွယ်သက်သေဟူ၍ စိုးစဥ်းမျှမရှိ။ ထို့ကြောင့်လည်း နွန်းအပါအဝင်အားလုံးက မတော်တဆဖြစ်ရပ်ဟုသာ မှတ်ယူကြသည်။ တော်ဝင်သမားတော်ကလည်း ထိုနည်းလည်းကောင်းပင်။ သို့သော် ယခင်မှိုင်းဟာသူ၏မိဘများကလုပ်ကြံခံရသည်ဟု တပ်အပ်ယုံကြည်နေလေသည်။
ထိုယုံကြည်မှုသည် မရေရာသောအမှုန်အမွှားအဖြစ်သာရှိပြီး ခိုင်မာသောသက်သေအဖြစ် ရုပ်လုံးပေါ်လာခြင်းမရှိ။ မှိုင်း၏မိဘနှစ်ပါးလုံးသည် တစ်ပုံစံတည်းသေဆုံးခဲ့ရခြင်းဖြစ်သည်။ ရောဂါကြီးကြီးမားမားမရှိပါဘဲ အစားအသောက်မှန်နေသည့်ကြားက အင်အားများတဖြည်းဖြည်းယုတ်လျော့လာရာမှ အဆုံးတွင်လောကကြီးကိုနှုတ်ဆက်ရတော့သည်သာ။
မှိုင်းသည် ထိုကိစ္စကိုသဲလွန်စရှာရန် ထိုစဥ်ကတော်ဝင်သမားတော်နှင့်ပထမဦးစွာ တွေ့ဆုံကာမေးမြန်းကြည့်သင့်သည်ဟု တွက်ဆမိသည်။ သို့သော် နွန်း၏မျက်စိရှေ့မှာပင် ဤကိစ္စကိုသိသာအောင်မလုပ်သင့်ပြန်ပေ။ နွန်းကိုမယုံကြည်ခြင်းကြောင့်မဟုတ်။ အကယ်၍ နွန်းသာ သူစုံစမ်းစစ်ဆေးနေသည့်အကြောင်းများကို သိသွားခဲ့လျှင် သူ၏လုပ်ငန်းစဥ်မှာ လွတ်လပ်မှုမရှိနိုင်တော့၍ပင်။
KAMU SEDANG MEMBACA
Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)
Fantasiနွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမနေဘူးလား သွားစမ်း!!!! အား!!! System!! ငါ့အမှတ်တွေကမပြည့်နိုင်သေးဘူးလား!!!!!" နွန်း : "ဘယ်လိုလဲ ရင်ထဲ...