Part-54

2.9K 407 12
                                    

Unicode Version

အရှင်သခင်ဖြစ်သူ၏အမိန့်ကို မလွန်ဆန်နိုင်သောခယ်မိုမှာ သူ၏စစ်သည်များအား အခြေအနေထိန်းရင်း တပ်ဆုတ်မည်ဖြစ်ကြောင်း အသိပေးလိုက်သည်။

"မှိုင်း.... ကိုယ့်နားကိုလာ"

ခပ်ဝေးဝေးသို့ရောက်နေသော မှိုင်းလည်း နွန်း၏ခေါ်သံကိုကြားသည်နှင့် ခုခံကာကွယ်နေရင်းမှ တစ်ဖက်သို့ချဥ်းကပ်သွားရသည်။ လက်ရှိမှာ သူသည် Itemတချို့ကို သုံးစွဲလိုက်ပြီဖြစ်ရာ ထပ်မဖြုန်းတီးချင်တော့သဖြင့် အထူးသတိထား၍ခုခံနေရသည်။

သူတို့ပြေးပေါက်ဖန်တီးနေသည်ကို သတိပြုမိသွားသောလျူဂါက သူတို့၏အစီအစဥ်ကိုဖျက်စီးရန် ကြိုးစားလေတော့သည်။ သခင်မကြီးကလည်း တိုက်ခိုက်အားကို ပိုတိုးမြှင့်လိုက်ပြီး နွန်းတို့မတိုက်ခိုက်နိုင်တော့သည်အထိ ခြေကုန်လက်ပန်းကျသွားအောင် လုပ်ဆောင်လျက်ရှိသည်။

သို့သော် လွတ်လမ်းကိုဖြတ်နှင့်ပြီးဖြစ်သော မှိုင်းတို့ကို သူတို့မတားနိုင်တော့ချေ။ ပင်မရဲတိုက်ထဲမှလွတ်ထွက်သည်နှင့် နွန်းသည် စစ်သည်တချို့ကို King Makerများအား သူတို့၏ဆုံမှတ်နေရာကိုအရောက်ပို့ရန် တစ်အုပ်စုခွဲလိုက်သည်။ ထို့နောက် နွန်း၏မှိုင်းတို့၏အသွင်ယူထားသော လူနှစ်ယောက်နှင့်စစ်သည်အနည်းငယ်ကို တစ်စုခွဲသည်။

အမျိုးမျိုးသောအုပ်စုငယ်များခွဲပြီးသည်နှင့် နွန်း၊ မှိုင်းနှင့် ခယ်မိုတို့က သီးသန့်တစ်အုပ်စုအနေနှင့် ခွဲထွက်ရန်ပြင်ကြတော့သည်။ ဤအုပ်စုအားလုံးသည် နောက်ဆုံးမှာ ဆုံမှတ်နေရာတွင် ပြန်ဆုံကြရန် အချိန်းအချက်ပြုလိုက်လေသည်။

ရဲတိုက်ကြီး၏နယ်နိမိတ်သည် အလွန်ကျယ်​ပြောသည်။ လွတ်အောင်ရုန်းထွက်ဖို့ဆိုလျှင် အချိန်အနည်းငယ်ကြာပေလိမ့်မည်။ နွန်းသည် ဇက်ဖာကိုသတိရလိုက်မိသော်ငြား ယခုနေများ မြင်းဇောင်းကိုသွားမိလျှင် သေချာပေါက်ချောင်ပိတ်၍ အဖမ်းခံရမည်မှာကျိန်းသေပင်။

ရဲတိုက်ထဲမှလူမမိဘဲ ထွက်နိုင်ဖို့ခဲယဥ်းသည်။ နယ်နိမိတ်စည်းနားသို့ ရောက်လုဆဲဆဲတွင် အနောက်ဘက်မှလိုက်၍မီလာသော အုပ်စုငယ်သည် သူတို့ရှိရာသို့ အလျင်အမြန်ချီတက်လာကြသည်။ ထိုအုပ်စုငယ်ကိုဦးဆောင်သူမှာ မီယာဖြစ်သည်။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ