Part-74

2.4K 341 13
                                    

Unicode Version

အကွက်ရွှေ့ရန်ရည်ရွယ်ချက်ဖြင့် သူလုပ်ကြံဖန်တီးခဲ့သော သူပုန်ပြဿနာသည် အမှန်တကယ်ရှိနေလေမှန်း သတိမထားမိခဲ့ရိုးအမှန်ပင်။

ရထားသောသတင်းများအရ အကျဥ်းထောင်ထဲရှိထိုလူဟာ ထိုအဖွဲ့၏ခေါင်းဆောင်ဖြစ်နေနိုင်သည်ဟူသော မှန်းဆချက်ဟာ သေချာလုနီးပါးဖြစ်သွားသည်။

သူကိုယ်တိုင်စီစဥ်ထားသောအစီအစဥ်များသည် အောင်မြင်စွာရှေ့ဆက်သွားနေခဲ့ပြီး အသစ်ရရှိလာသောသတင်းများအရ သူ၏အစီအစဥ်ကို အရှိန်တိုးမြှင့်နိုင်မည့်နည်းလမ်းကောင်းကို ရှာတွေ့ခဲ့လေရာ သူသည် ထိုအဖွဲ့နှင့် တိတ်တဆိတ်ပူးပေါင်းရန်အတွက် ဆုံးဖြတ်ခဲ့သည်။

အောင်မြင်စွာရှေ့ဆက်သွားနေသော သူ့အစီအစဥ်များ၏တစ်စိတ်တစ်ပိုင်းအဖြစ် အကြီးအကဲနှင့် အရှေ့ပိုင်းမျိုးနွယ်စုခေါင်းဆောင်၏ဆက်ဆံရေးတို့မှာ အထင်အမြင်လွဲမှားရာမှစတင်၍ ရင်ထဲမှာစိတ်ခုခြင်းကိုယ်စီကိုမြိုသိပ်ထားကြရင်း အခြေအနေတင်းမာမှုများ စတင်ဖြစ်ပွါးလာလေသည်။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ မှိုင်းက တစ်ဖက်အဖွဲ့နှင့်ပူးပေါင်းရေးလုပ်ငန်းစဥ်ကို စတင်ခဲ့သည်။ တစ်ဖက်အဖွဲ့၏အမည်မှာ ကြိုးကြာဖြူဟုခေါ်တွင်ပြီး ထိုအမည်မှာ ကြိုးကြာပုံသဏ္ဍာန်ရှိသော နယ်မြေစုမှလူများက ဤအဖွဲ့ကို အင်အားတောင့်တင်းလာသည်အထိ ကြိုးစားခဲ့သည်ကိုအစွဲပြု၍ ခေါ်ဝေါ်ခဲ့ကြောင်းလည်း သိရသည်။

မူလက မှန်းဆထားခဲ့သည့်အတိုင်း ပူးပေါင်းရန်ကမ်းလှမ်းမှုဟာ လျောလျောရှူရှူမဖြစ်ခဲ့ချေ။ အကြီးအကဲ၏ညာလက်ရုံးဟူသော သရုပ်မှန်ကိုသိလိုက်ရသည်နှင့် ကြိုးကြာဖြူဂိုဏ်းဘက်က ပူးပေါင်းမှုကိုငြင်းဆန်ကြသည်။ မှိုင်းကလည်း ခက်ခဲလိမ့်မည်ဟု ကြိုတင်မှန်းဆခဲ့ပြီးသားပင်။

ထို့ကြောင့် အချိန်ယူ၍ ပူးပေါင်းမှုအတွက် သူ၏စိတ်ရင်းကိုအကြိမ်ကြိမ်ပြသခဲ့သည့်တိုင်အောင် တစ်ဖက်အဖွဲ့ဟာ အပြည့်အဝမယုံကြည်နိုင်သေးသည့်အပြင် သူတို့၏ခေါင်းဆောင်ကလည်း မှိုင်း၏လက်ထဲမှာရှိနေဆဲမို့ သတိကြီးကြီးထားနေကြလေသည်။ ထိုအဖွဲ့အတွက်လည်း လက်ရှိအခြေအနေဟာ ကျဥ်းထဲကြပ်ထဲကျရောက်နေရှာသည်မဟုတ်ပါလား။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Donde viven las historias. Descúbrelo ahora