'' ဟာ အနံ့ကမွှေးနေတာပဲ ။ ကိုဂျေ ဘာတွေချက်နေတာလဲ ''
''Spaghetti ''
''ဟင် !! ကိုဂျေ က Spaghetti မကြိုက်ဘူးမဟုတ်လား။ ဘာကြောင့် . . .''
ပီကျူး တစ်ခဏ စဉ်းစားလိုက်တယ်။ ဒါပေမဲ့ အကြာကြီး မစဉ်းစားလိုက်ရပါဘူး။ စက္ကန့်ပိုင်းအတွင်းမှာပဲ အဖြေပေါ်လာတယ်။
'' aww သိပီ ကိုမာန်ခ အတွက်မလား ''
ဂျေက ပီကျူးစကားကို ဂရုမစိုက်အားဘူး။ Spaghetti လုပ်နည်းစာအုပ်ကို ကြည့်လိုက်Spaghettiချက်လိုက် လုပ်နေတယ်။
'' ကိုဂျေ့ကိုကြည့်ရတာလဲ အဲဒီစာအုပ်ကြီးနဲ့ ပင်ပန်းလိုက်တာ ။ ဒီအတိုင်း Ready made အထုပ်ဝယ်ပြီး လုပ်လိုက် ရနေတာပဲ ''
''မတူဘူးလေ Ready made က သူများလုပ်ထားတာ ။ ဒါက ငါကိုယ်တိုင်လုပ်တာ ''
[ အေးလေ မာန်ခကို သူကိုယ်တိုင် ချက်တာကိုပဲ စားစေချင်တာပေါ့ 😊😊]
''Ready made အထုပ်လဲ ကိုယ်တိုင်လုပ်ရတာပဲလေ။ အချိန်တောင်သက်သာသေးတယ်။ အခု ကိုဂျေ ကိုယ်ဘာသာကိုယ် လုပ်နေတာက အချိန်လဲကြာသေးတယ်။ အရသာကောင်းမကောင်းလဲ မသေချာဘူး။
ဆားငံတာလဲ ရှိချင်ရှိမယ်။ ပေါ့ပြီး စားမကောင်းတာလဲ ဖြစ်ချင်ဖြစ်သွားမယ်။ ဟိုမတော်လို့ မီများသွားရင် ခေါက်ဆွဲတွေ အကုန် ပျော့စိကုန်မယ် ။ ပြီးတော့ . . . ''ဘေးကနေ ပွစိပွစိ ပြောနေတဲ့ ပီကျူးရဲ့ စကားတွေကို ဂျေ နားမခံနိုင်တော့ဘူး။
အဲတာကြောင့် သူ ဖြတ်ပြောလိုက်တယ်။'' မင်း သေချင်နေပီလား ''
''ဗျာ ''
''မင်း သေချင်နေပီလားလို့မေးနေတာ။
တိတ်တိတ်နေဟ . . တိတ်တိတ်နေ။
မင်းငါချက်တာမို့ မစားချင်မစားနဲ့ ''''ဟုတ် . . . ပါးစပ်ပိတ်လိုက်ပီ ''
ပီကျူးက ကိုယ့်ပါးစပ်ကိုယ် ထပ်မပြောမိအောင် လက်နဲ့ ပိတ်လိုက်ကာ ငြိမ်ငြိမ်လေး ဘေးမှာ ထိုင်နေလိုက်တယ်။ မဟုတ်ရင် သူ Breakfast စားရမှာ မဟုတ်ဘူး။
[ အလိုက်ကမ်းဆိုးမှ မသိတာ 😂😂 ]
'' ဒါနဲ့ ဘယ်အချိန်ရှိပီလဲ ''ဂျေက ခေါက်ဆွဲဖတ်တွေကို ဒန်အိုးထဲထည့်လိုက်နေရင်းနဲ့ ပီကျူးကို မေးလိုက်တယ်။
KAMU SEDANG MEMBACA
Secret Commando [ Zawgyi + Unicode ] Completed
Fiksi Remajaလျှို့ဝှက် commando တစ်ယောက်နဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားလေးတစ်ယောက်တို့ရဲ့ Love Story ...